ငြိမ်းချမ်းရေးသတင်း

မိုင်းကိုင်တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

မဲခေါင် 29 Feb - 2020
မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း RCSS မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခမ်းက မဲခေါင်သတင်းဌာနကို အတည်ပြုပြောသည်။ “ဒီနေ့က လေယာဉ်နဲ့ဗုံးကြဲတာက ၃နာရီခွဲလောက်က။ လက်နက်ငယ်နဲ့ ပစ်တာတော့ ဒီနေ့ သိပ်မရှိဘူး။ တပ်မတော်ဘက်က မကြာမကြာ လက်နက်ကြီးနဲ့လှမ်းပစ်တာတော့ ရှိတယ်” ဟု၎င်းက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာတဝိုက်တွင် ရဟတ်ယာဉ်ပျံသန်းမှုများကို ကြားရကြောင်း ဟမ်းငိုင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် အနီးနားရှိကျေးရွာများမှ

မိုင်းကိုင်မြို့နယ်အနီး လွယ်တွမ်းတောင်ကြော တစ်လျှောက်တွင် RCSS နှင့် တပ်မတော်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်ဘက်ကမှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ရက် ညနေ ၃နာရီခွဲခန့်က တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း RCSS မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခမ်းက မဲခေါင်သတင်းဌာနကို အတည်ပြုပြောသည်။

“ဒီနေ့က လေယာဉ်နဲ့ဗုံးကြဲတာက ၃နာရီခွဲလောက်က။ လက်နက်ငယ်နဲ့ ပစ်တာတော့ ဒီနေ့ သိပ်မရှိဘူး။ တပ်မတော်ဘက်က မကြာမကြာ လက်နက်ကြီးနဲ့လှမ်းပစ်တာတော့ ရှိတယ်” ဟု၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာတဝိုက်တွင် ရဟတ်ယာဉ်ပျံသန်းမှုများကို ကြားရကြောင်း ဟမ်းငိုင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် အနီးနားရှိကျေးရွာများမှ ဒေသခံ ၂၀၀ခန့်မှာ ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းရှိ လွိုင်စပ် ဘုန်ကြီးကျောင်းတွင် စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေကြောင်း အဆိုပါ ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ၃ရက်မြောက်နေ့တွင် RCSS ဆက်ဆံရေးရုံးနှင့် တပ်မတော်ဘက်မှ ရလခတိုင်းရုံးတို့ကြား ဆက်သွယ်ညှိနှိုင်းမှုများ ရှိသော်လည်း တပ်မတော်ဘက်မှ စစ်အင်အား ထပ်မံဖြည့်တင်းလာသည့်အတွက် တိုက်ပွဲ ဆက်ဖြစ်ဦးမည့် အခြေအနေရှိကြောင်း RCSS မှ ဒုတိယဗိုလ်မှူးကြီး အုမ်ခမ်းက မဲခေါင်သတင်းဌာနကို ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ မဲခေါင်သတင်းဌာနမှ ကြိုးစား ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ငြိမ်းချမ်းရေးသတင်း ဒေသတွင်းသတင်း

ရှမ်းတပ်နှစ်ဖွဲ့ရဲ့ သဘောတူညီချက်အရ RCSS နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို SSPP ပြန်လွှတ်

နှစ်ဖက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုရဲ့ သဘောတူညီချက်အရ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ပတ်သက်ဆက်နွယ်သူ ၅ ဦးကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ
ငြိမ်းချမ်းရေးသတင်း ဒေသတွင်းသတင်း

အာဏာရှင်စနစ်အမြစ်ပြုတ်ရေး UWSP ဝ အဖွဲ့ နဲ့လက်တွဲဆောင်ရွက်လိုတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနသဝဏ်လွှာပို့

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ထောင်ခြင်း ၃၅ နှစ်ပြည့်သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ပြီး အာဏာရှင်စနစ်အမြစ်ပြုတ်ရေး အတူတကွ လက်တွဲဆောင်ရွက်လိုတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း ဒေသတွင်းသတင်း

ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP အပစ်ရပ်စဲကြောင်း ကြေညာ

ရှမ်းတိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် ၂ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ဒီနေ့ နိုဝင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း တိုင်းရင်းသားရေးရာ

ရည်မှန်းချက်ရောက်ရှိအောင်မြင်ဖို့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာခံယူတယ်လို့ TNLA ဆို

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်သို့ ရောက်ရှိအောင်မြင်စေရန် PSLF/TNLA အနေနဲ့ “ဝ” ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လေးနက်စွာ ခံယူတယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ဧပြီလ ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း

စစ်ကောင်စီ၏ အင်အားသုံး ထိုးစစ်ဆင်မှုကို ကောင်းမွန်စွာခုခံနိုင်ကြောင်း ကိုးကန့်ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ – MNDAA ဒေသဖြစ်သည့် မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသတွင် စက်တင်ဘာလ ၅ရက်၌ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်ဖြင့် ထိုးစစ်ဆင်နေပြီး ကိုးကန့်တပ်ဖွဲ့က ကောင်းမွန်စွာ ခုံခံနိုင်ကြောင်း ကိုးကန့်ဘက်က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၅ရက် နံနက်ပိုင်းက ဟဲ့ရှမ်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း

ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးဟောင်း စန်းပွင့် ကွယ်လွန်သည့်အပေါ် “ဝ” တပ်ဖွဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ဩဇာအာဏာကြီးမားခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဟောင့် ဗိုလ်မှူးကြီး(ငြိမ်း)စန်းပွင့် ကွယ်လွန်ခဲ့သည့်အပေါ် အထူးတုန်လှုပ်ပြီး နှမျောတသဖြစ်ရကြောင်း မြန်မာနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ “ဝ”က သဝဏ်လွှာတစ်စောင် ဩဂုတ်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ ဗိုလ်မှူးကြီးဟောင်း စန်းပွင့်သည် “ဝ” တိုးတက်မှုတွင် ကြိုးစားအားထုတ်မှုများစွာပါဝင်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်၏ စွပ်စွဲပြောဆိုမှုများက ငြိမ်းချမ်းရေးအတွက် အလွန်ထိခိုက်ဟု RCSS တုံ့ပြန်

RCSS အပေါ် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ စွပ်စွဲပြောဆိုမှုများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလွန်ထိခိုက်ရသည်ဟု RCSS ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက တုံ့ပြန်ပြောဆို လိုက်သည်။ တပ်မတော်၏ မတ်လ ၁ရက် ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးသတင်းရသဖြင့် တပ်မတော်စစ်ကြောင်းများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ငြိမ်းချမ်းရေးသတင်း

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ရန် လမ်းပွင့်ပြီဟု ဗိုလ်မှူးကြီးစိုင်းငင်းပြော

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ NRPC တွင် ဖေဖော်ဝါရီလ ၁၈ရက်တွင် ကျင်းပခဲ့သည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now