ကမ္ဘာ့သတင်း

ISIS တွေ တစ်ကျော့ပြန်လာမှာမို့ 9/11 လိုဖြစ်ရပ်ဆိုးတွေ ထပ်လာမယ်လို့ CIA အကြီးအကဲဟောင်း သတိပေး

မဲခေါင် 1 Jul - 2024
အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း သတိပေးပြောကြားသွားပါတယ်။

မဲခေါင်၊ ဇူလိုင် ၁

အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲဟောင်း မိုက်ကယ်မိုရဲလ်က အစ္စလာမ္မစ်အစွန်းရောက် အကြမ်း ဖက်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာပြီဖြစ်လို့ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ ကုန်သွယ်ရေးစင်တာကို လေယာဉ်ပြန်ပေးဆွဲပြီး ဝင်တိုက်တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်ကြုံလာရ နိုင်ကြောင်း သတိပေးပြောကြားသွားပါတယ်။

မိုက်ကယ်မိုရဲလ်ဟာ သမ္မတ ဂျော့ချ်ဘုရှ်လက်ထက် 9/11 ဖြစ်ရပ်ကာလက CIA ဒါရိုက်တာရာထူး တာဝန်ယူခဲ့သူဖြစ်ပြီး နောက် ၁၀ နှစ်အကြာ သမ္မတအိုဘားမားလက်ထက် IS ခေါင်းဆောင် ဘင်လာဒင်ကို ရှင်းလင်းခဲ့တဲ့ စစ်ဆင်ရေးမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။

လူပေါင်း ၃၀၀၀ သေဆုံးခဲ့ရတဲ့ 9/11 ဖြစ်ရပ်ဆိုးကြုံတဲ့နေ့ကတည်းက နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုး ထပ်မဖြစ်စေရဘူးလို့ ဂျော့ချ်ဘုရှ်နဲ့အတူ အိမ်ဖြူတော်မှာ သံန္နိဌာန်ချမှတ်ခဲ့ကြပေမယ့် အီရတ်ကနေ အမေရိကန် တပ်တွေပြန်ထွက်ခွာခဲ့မှု၊ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ကနေ ပြန်လည်ထွက်ခွာခဲ့မှုကြောင့် ISIS တွေဟာ အီရတ်၊ အာဖဂန်၊ ပါကစ္စတန်၊ ဆီးရီးယားနိုင်ငံတွေမှာ အခြေပြန်တည်လာနိုင်ခဲ့ပါတယ်။

ISIS တွေဟာ အင်အားကြီးထွာလာနေကြပြီ ဖြစ်သလို အစ္စလာမ္မစ်အစွန်းရောက် လက်နက်ကိုင်အဖွဲ့အားလုံး အဘူဘာကာအယ်လ်ဘက်ဂ်ဒါဒီ အမိန့်တစ်ခု တည်းအောက်မှာ ပူးပေါင်းလှုပ်ရှားမယ်လို့ ထုတ်ပြန်ထားလို့ ပိုအန္တရာယ်ကြီးထွားလာပါတယ်။

ဒီအထဲမှာ ISIS-K ခေါ် Islamic State in Khorasan ဟာ အာဖဂန်နဲ့ ပါကစ္စတန်မှာအခြေစိုက်ပြီး အင်အားကြီးထွားလာလို့ အနောက်ဥရောပနဲ့ အမေရိကန်ကို ပစ်မှတ်ထားပြီး ဖြစ်ရပ်ဆိုးကြုံရနိုင်တဲ့ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေကြပြီလို့ ဆိုပါတယ်။

ISIS-K ဟာ ဥရောပမှာ နှစ် ၂၀ အတွင်းအဆိုးရွားဆုံး အကြမ်းဖက်ခံရမှုဖြစ်တဲ့ ရုရှား ဂီတဖျော်ဖြေ ပွဲမှာ ပြီးခဲ့တဲ့လပိုင်းက သေနတ်နဲ့ဝင်ပစ်လို့ လူပေါင်း ၁၄၀ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

အနောက်ဥရောပနဲ့ ဂျာမနီ က ကိုလုံးမြို့မှာ အကြမ်းဖက် စီမံကိန်းကြီး ၂ ခု လက်ဦးခဲ့လို့သာ အကောင်အထည်မပေါ်ခဲ့တာဖြစ်ကြောင်း မိုက်ကယ်မိုရဲလ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတောင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ထဲကို ISIS-K အကြမ်းဖက် ၈ ဦး ဝင်ရောက်လာတာ သိရ ပေမယ့် ဖမ်းမမိခဲ့လို့ ထောက်လှမ်းရေးကွန်ရက်ကို ဥရောပနဲ့အမေရိကန်မှာသာမက အာဖဂန်ကို လက်ရှိအုပ်စိုး ထားတဲ့ တာလီဘန်အစိုးရနဲ့ပါ ပူးပေါင်းပြီး တည်ဆောက်လို့ သတင်းဦးရယူနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကတော့ သေချာပေါက် ၁၀၀ ရာခိုင်နှုန်း ရောက်လာမှာဖြစ်လို့ ဦးအောင် ချေမှုန်းနိုင်ရေး ပြန်လည် အားထုတ်သင့်ပြီလို့ မိုရဲလ်က တိုက်တွန်းသတိပေးသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဒီလို အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေထဲမှာ ကြောက်စရာအကောင်းဆုံးက အာဖရိကတိုက်ထဲ က အကြမ်းဖက်အဖွဲ့တွေဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးနိမ့်ကျမှုတွေကြောင့် ပိုအင်အားတောင့်လာသလို သဘာ၀တွင်းထွက်ရတနာတွေအားနဲ့ အယ်လ်ခိုင်းဒါး၊ ISIS တို့ရဲ့ မဟာမိတ် ဘိုကိုဟာရမ်နဲ့ အယ်လ်ရှာဘက်အဖွဲ့ တွေဟာ ကြောက်စရာအကောင်းဆုံး အကြမ်းဖက်အဖွဲ့တွေ ဖြစ်လာနေပြီလို့လည်း မိုရဲလ်က ရှင်းလင်းပြောကြား သွားပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

နာမည်ကြီး လိပ်နင်ဂျာမှောင်ခိုဂိုဏ်း တင်သွင်းတဲ့ ကုန်းလိပ်အကောင် ၄၀၀ မလေးရှား သိမ်းဆည်းရမိ

ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဌာနတို့ ပူးပေါင်းချမှတ်တဲ့ United National Resource မှောင်ခိုနှိမ်နင်းရေး စီမံချက်ကြောင့် ရှားပါးတန်ဖိုးကြီး
ကမ္ဘာ့သတင်း

နေတိုးအရှေ့တံခါးကို ကာကွယ်ဖို့ တင့်ကား အစီး ၁၀၀၊ M2A4 IFV ၁၅၂ စီးနဲ့ M109A7 SPHs ၁၈ စီး ပိုလန်ဆီ အမေရိကန် ပို့ဆောင်

အမေရိကန်စစ်တပ် သတင်းထုတ်ပြန်ရေး ဖော်ပြချက်အရ ဂျာမနီနိုင်ငံ မန်ဟိမ်းမှာ ထားရှိတဲ့ တင့်ကား အစီး ၁၀၀၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် M2A4 ၁၅၂

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ပြင်သစ်ဒဏ္ဍာရီသူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ် ၁၃၀၀ စိုက်နေတဲ့ မှော်ဝင်ဓား ခိုးယူခံရ

ပြင်သစ်နိုင်ငံ အလယ်ခေတ် ရော်ကမာဒေါရွာလေးမှာ ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဖမ်းစားနိုင်ခဲ့တဲ့ ဒဏ္ဍာရီပုံပြင်လာ ပြင်သစ်စစ်သူရဲကောင်း ရိုလန်ရဲ့ ကျောက်တုံးထဲ နှစ်ပေါင်း ၁၃၀၀ ထိုးစိုက်ထားတဲ့ သမိုင်းဝင် ဓားကြီး သူခိုးခိုးခံရလို့ ပျောက်ဆုံးနေကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ခရီးစဉ်တွေများလွန်းလို့ စင်ပေါ် အိပ်ပျော်လုဖြစ်ခဲ့ကြောင်း ဂျိုးဘိုင်ဒန်ဝန်ခံ

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် ကြာသပတေးနေ့ ဇွန် ၂၇ ရက်မှာ အဓိကပြိုင်ဘက် ဒေါ်နယ်ထရမ့်နဲ့ သမ္မတလောင်းအချင်းချင်း စကားစစ်ထိုးပွဲ ရုပ်သံထုတ်လွှင့်မှုမှာ စင်ပေါ် အိပ်ပျော်လုနီးနီးဖြစ်ခဲ့ကြောင်း ဝန်ခံသွားတဲ့အတွက် ဒုတိယအကြိမ်မြောက် သမ္မတအဖြစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းနယ်စပ်မှာ ဟားမက်စ်စတိုင် မြေအောက်ဥမင်တွေတူးနေတဲ့ ပူတင်စီမံကိန်းကို ကူညီဖို့ မြောက်ကိုးရီးယားက စစ်သည် ၁၅၀၀၀ စေလွှတ်

မြောက်ကိုရီးယား စစ်အင်ဂျင်နီယာ တပ်မ ၅ ခုက စစ်သည်ပေါင်း ၁၅၀၀၀ ကို ကင်ဂျုံအန်က ရုရှားတပ်တွေ ယူကရိန်းနယ်စပ်ဒေသ မြေအောက်ဥမင်စီမံကိန်းမှာ ပါဝင်ဖို့ စေလွှတ်ပေးထားကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကို ပိုက်နဲ့ ဖမ်းဖို့ ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစု ပူတင်တည်ဆောက်နေ

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေကြောင့် ဆုံးရှုံးနစ်နာမှုများနေလို့ ဒီဒရုန်းတွေကို ပိုက်ကွန်နဲ့ဖမ်းစေမယ့် ပထမကမ္ဘာစစ်ဟန် လေသင်္ဘောစုတွေ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စားနပ်ရိက္ခာရှားပါးတဲ့ မြောက်ကိုရီးယား တရုတ်ဆီက ဓာတ်သတ္တုတွေနဲ့ လဲလှယ်နေရ

မြောက်ကိုရီးယားနဲ့တရုတ်အရေးကို အထူးလျှို့ဝှက်စုံစမ်းပြီး ဖော်ပြနေတဲ့ Daily NK မီဒီယာက မြောက်ကိုရီးယားဟာ ရှားပါးနေတဲ့ စားနပ်ရိက္ခာတွေကို ငွေနဲ့မဝယ်နိုင်ဘဲ တရုတ်ဆီ ပြည်တွင်းကထွက်တဲ့ ရှားပါး ဓာတ်သတ္တုတွေ ကို ကွန်တိန်နာလိုက် ပေးပို့ပြီး လဲစားနေရကြောင်း ဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ၁၀ ယောက်ကို ဘုရင်နဲ့အစိုးရအပေါ် စော်ကားမှုနဲ့ ကမ္ဘောဒီးယား ထောင်ချ

နိုင်ငံတကာဆုရ ကမ္ဘောဒီးယား သမ္ဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများအဖွဲ့က ၁၀ ယောက် ကို အာဏာရှင်စနစ်နဲ့အုပ်စိုးတဲ့ ကမ္ဘောဒီးယားနိုင်ငံတရားရုံးက ဇူလိုင် ၂ ရက်နေ့မှာပဲ မတရားသဖြင့် ထောင်ဒဏ် တွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now