ကမ္ဘာ့သတင်း

ရုပ်ရှင်ဆန်လွန်းသော ဂျာမနီဘဏ် ဖောက်ထွင်းခံရမှု ယူရို သန်း ၃၀ ပါသွား

မဲခေါင် 2 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂ ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ လမ်းမကြီးပေါ်မှ ဘဏ်ခွဲတစ်ခု၏ ငွေတိုက်ခန်းအား ဖောက်ထွင်းသမားများက ဖောက်စက်ကြီး တစ်လုံးကို အသုံးပြုကာ ဝင်ရောက်ခဲ့ပြီး ခန့်မှန်းခြေ ဒေါ်လာ ၃၅ သန်းနှင့် ညီမျှသော ယူရိုသန်း ၃၀ တန်ဖိုးရှိ ငွေသားနှင့် အဖိုးတန် ပစ္စည်းများကို ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယင်းဖောက်ထွင်းမှုအား ဂျာမနီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ဖြစ်သည့် Ocean’s Eleven နှင့် နှိုင်းယှဉ်ခဲ့ပြီး အလွန် ဆရာကျကျ လုပ်သွားခြင်း ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောခဲ့သည်။ ဂယ်လ်ဆန်ကာချန်မြို့ရှိ စပါ့ခ်ကာဆဲ ဘဏ်တွင် ဖြစ်ပွားခဲ့သော ယင်းဖောက်ထွင်းမှုအတွင်း

မဲခေါင်၊ ဇန်နဝါရီ ၂

ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ လမ်းမကြီးပေါ်မှ ဘဏ်ခွဲတစ်ခု၏ ငွေတိုက်ခန်းအား ဖောက်ထွင်းသမားများက ဖောက်စက်ကြီး တစ်လုံးကို အသုံးပြုကာ ဝင်ရောက်ခဲ့ပြီး ခန့်မှန်းခြေ ဒေါ်လာ ၃၅ သန်းနှင့် ညီမျှသော ယူရိုသန်း ၃၀ တန်ဖိုးရှိ ငွေသားနှင့် အဖိုးတန် ပစ္စည်းများကို ခိုးယူသွားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းဖောက်ထွင်းမှုအား ဂျာမနီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ဖြစ်သည့် Ocean’s Eleven နှင့် နှိုင်းယှဉ်ခဲ့ပြီး အလွန် ဆရာကျကျ လုပ်သွားခြင်း ဖြစ်ကြောင်း AFP သတင်းဌာနသို့ ပြောခဲ့သည်။

ဂယ်လ်ဆန်ကာချန်မြို့ရှိ စပါ့ခ်ကာဆဲ ဘဏ်တွင် ဖြစ်ပွားခဲ့သော ယင်းဖောက်ထွင်းမှုအတွင်း သူခိုးများက ငွေကြေး၊ ရွှေနှင့် ရတနာများ သိမ်းဆည်းထားသည့် လုံခြုံရေးသေတ္တာပေါင်း ၃၀၀၀ ကျော်ကို ဖောက်ထွင်း ခိုးယူခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည် တနင်္လာနေ့ နံနက်အစောပိုင်းတွင် မီးသတိပေး အချက်ပြသံ မြည်လာပြီး နောက်မှသာ ယင်းအမှု ဖြစ်ပွားကြောင်း သိရှိခဲ့ရသည်ဟု ဂယ်လ်ဆန်ကာချန် ရဲတပ်ဖွဲ့က ဆိုသည်။

ပြစ်မှု ကျူးလွန်သူများအား လက်ရှိ အချိန်အထိ မဖမ်းမိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်သည်။

ယင်းဘဏ်ကို လုယက်ဖောက်ထွင်းရန် ဖောက်ထွင်းသမားများက ခြောက်ကပ် တိတ်ဆိတ်သော ခရစ္စမတ် ပိတ်ရက်များကို အသုံးချခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကနဦး စုံစမ်း စစ်ဆေးမှုများအရ ၎င်းတို့သည် ဘဏ်ဘေး ကပ်လျက်ရှိ ကားပါကင် အဆောက်အအုံ မှတစ်ဆင့် ဘဏ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ထိုလမ်းကြောင်းမှပင် ပြန်လည် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ စနေနေ့ညမှ တနင်္ဂနွေနေ့ အကူးတွင် ကားပါကင် လှေခါး၌ အိတ်ကြီးများကို သယ်ဆောင်လာသည့် အမျိုးသား အတော်များများကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် တနင်္လာနေ့နံနက် အစောပိုင်းတွင် အနက်ရောင် Audi RS 6 ကားတစ်စီးက De-La-Chevallerie-Strasse လမ်းပေါ်ရှိ ကားပါကင်မှ ထွက်ခွာသွားသည်ကို စီစီတီဗီ မှတ်တမ်းများတွင် တွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တနင်္လာနေ့ နံနက်အစောပိုင်းတွင် မီးသတိပေး အချက်ပြသံ ထွက်ပေါ်လာပြီးမှ ရဲတပ်ဖွဲ့နှင့် မီးသတ်တို့က အဆောက်အအုံကို ဝင်ရောက် ရှာဖွေရာ မြေအောက် ငွေတိုက်ခန်းသို့ ဖောက်ထားသော အပေါက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ဆုံးရှုံးခဲ့ရသည့် ဖောက်သည်များအနေဖြင့် စပါ့ခ်ကာဆဲဘဏ်က ဖွင့်လှစ်ထားသော အရေးပေါ် ဖုန်းနံပါတ်သို့ ဆက်သွယ်ရန် အကြောင်းကြားခဲ့သည်။

ယင်းသတင်း ကြားရပြီးနောက် ဘဏ်အပြင်ဘက်တွင် လူအုပ်ကြီး စုဝေးလာခဲ့ပြီး အင်္ဂါနေ့တွင် ရဲတပ်ဖွဲ့က ဘဏ်ခွဲဝင်ပေါက်အား လုံခြုံရေး ယူထားခဲ့ရသည်။

“ကျနော် မနေ့ညက အိပ်လို့တောင် မပျော်ဘူး။ ဘာသတင်းမှလည်း မရဘူး” ဟု ဘဏ်အပြင်ဘက်တွင် စောင့်ဆိုင်း နေသည့် အမျိုးသားတစ်ဦးက Welt ရုပ်သံသို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဘဏ်လုံခြုံရေး သေတ္တာထဲတွင် အိုစာမင်းစာအတွက် စုဆောင်းထားသမျှ အကုန်ပါသွားပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောခဲ့သည်။

စပါ့ခ်ကာဆဲဘဏ်၏ ပြောကြားချက်အရ ဘဏ်အသုံးပြုသူများ၏ လုံခြုံရေးသေတ္တာ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်း မှာ သူခိုးများ၏ ဖောက်ထွင်းခြင်း ခံခဲ့ရသဖြင့် ဖောက်သည်များ အနေဖြင့် ဆုံးရှုံးနိုင်ခြေမှာ အလွန် များပြားကြောင်း သိရသည်။
ထို့ပြင် သေတ္တာ တစ်လုံးချင်းစီရှိ ပစ္စည်းများအတွက် ယူရို ၁၀၃၀၀ အထိ အာမခံထားရှိပြီး ဖြစ်ကြောင်းနှင့် မိမိတို့၏ နေအိမ်အာမခံ မှတစ်ဆင့် ထပ်ဆောင်းအာမခံ အကာအကွယ်များ ရရှိနိုင်ခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးကြည့်ကြရန် ဖောက်သည်များအား ဘဏ်က တိုက်တွန်းထားသည်။

Ref: BBC
#MeKongNews
#ဂျာမနီဘဏ်
#ဖောက်ထွင်း
#ယူရို
#ရုပ်ရှင်ဆန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now