ကမ္ဘာ့သတင်း

ပူတင်အိမ်ကို ယူကရိန်း တိုက်ခိုက်ခဲ့ကြောင်း ရုရှားပြောကြားမှု နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး သံသယရှိ

မဲခေါင် 31 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၃၁ သမ္မတဗလာဒီမာပူတင်၏ နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ခဲ့သည် ဆိုသော ရုရှား၏ စွပ်စွဲပြောကြားမှုများကို နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မက်သယူးဝှစ်တစ်ကာက သံသယဖြင့် ပြောဆိုလိုက်ပြီး ယင်းဖြစ်ရပ်အပေါ် အမေရိကန် ထောက်လှမ်းရေး သတင်းကို ကြည့်လိုကြောင်း ၎င်းက ဆိုသည်။ “ဒါဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး” ဟု ဝှစ်တစ်ကာက ဖောက်စ် စီးပွားရေး သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အလွန်နီးကပ်နေချိန်၊ ယူကရိန်းကလည်း ၎င်းသဘောတူညီချက်ကို အလွန် လိုချင်နေချိန်၌ အဆင်ခြင်မဲ့သော သို့မဟုတ် အကျိုးမရှိဟု ရှုမြင်ကြမည့် အရာကို လုပ်ခြင်းမှာ မိမိအတွက် အနည်းငယ်

မဲခေါင်၊ ဒီဇင်ဘာ ၃၁

သမ္မတဗလာဒီမာပူတင်၏ နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ခဲ့သည် ဆိုသော ရုရှား၏ စွပ်စွဲပြောကြားမှုများကို နေတိုးအဖွဲ့ဆိုင်ရာ အမေရိကန်သံအမတ်ကြီး မက်သယူးဝှစ်တစ်ကာက သံသယဖြင့် ပြောဆိုလိုက်ပြီး ယင်းဖြစ်ရပ်အပေါ် အမေရိကန် ထောက်လှမ်းရေး သတင်းကို ကြည့်လိုကြောင်း ၎င်းက ဆိုသည်။

“ဒါဟာ အမှန်တကယ် ဖြစ်ပျက်ခဲ့သလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး” ဟု ဝှစ်တစ်ကာက ဖောက်စ် စီးပွားရေး သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောသည်။

ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အလွန်နီးကပ်နေချိန်၊ ယူကရိန်းကလည်း ၎င်းသဘောတူညီချက်ကို အလွန် လိုချင်နေချိန်၌ အဆင်ခြင်မဲ့သော သို့မဟုတ် အကျိုးမရှိဟု ရှုမြင်ကြမည့် အရာကို လုပ်ခြင်းမှာ မိမိအတွက် အနည်းငယ် မသိမ်မွေ့ပုံပေါ်သည်ဟု ၎င်းက ဆက်ပြောသည်။

နော့ဗ်ဂိုရော့ဒေသမှ သမ္မတအိမ်တော်ကို ယူကရိန်းက ဒရုန်း ၉၁ စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားက တနင်္လာနေ့က ပြောကြားသည်။

ထိုတိုက်ခိုက်မှုကို လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ရုရှား၏ ရပ်တည်မှုကို တင်းမာ သွားစေမည်ဟုလည်း ရုရှားက ဆိုသည်။

ရုရှားတို့၏ စွပ်စွဲချက်များမှာ ယူကရိန်းအား ဆက်လက် တိုက်ခိုက်နေခြင်းကို အကြောင်းပြရန် လိမ်ညာ ပြောဆိုမှုများ ဖြစ်သည်ဟု ယူကရိန်း ကပြောသည်။

မည်သည့် အထောက်အထားမျှ မရှိသောကြောင့် ရုရှားက ယင်းဖြစ်ရပ်အတွက် မည်သည့် အထောက်အထားမှ ပြသခြင်းမရှိဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

၎င်း၏ နေအိမ်ကို ယူကရိန်းက တိုက်ခိုက်ရန် ကြိုစားခဲ့သည်ဟု ပူတင်က ၎င်းနှင့် ဖုန်းဆက်သွယ်မှုတွင် ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် ပြောကြားသည်။

ထိုကိစ္စအပေါ် အလွန် ဒေါသထွက်ကြောင်းလည်း ထရမ့်က ပြောသည်။

တိုက်ခိုက်သည်ဆိုသည့် အထောက်အထား ရှိပါသလားဟု မေးမြန်းခံရချိန်တွင် “ ကျွန်တော်တို့ စောင့်ကြည့် လေ့လာ သွားမယ်” ဟုလည်း ၎င်းက ဆိုသည်။

ယင်းစွပ်စွဲမှု ဖြစ်ရပ် နှင့် ပတ်သက်၍ မှတ်ချက် ထပ်ပေးရန် အိမ်ဖြူ‌တော်က ငြင်းဆန်ခဲ့ပြီး အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေကြသည်။

ထို့အတူ စီအိုင်အေကလည်း မှတ်ချက်ပေးရန် ငြင်းဆန်သည်။

“ကျနော်တို့က ထောက်လှမ်းရေး သတင်းတွေကို အောက်ခြေအထိ သေချာ လှန်လှောသွားပါမယ်။ ကျနော့အတွက် အရေးကြီးဆုံးကတော့ ဒီတိုက်ခိုက်မှု အမှန်တကယ် ဖြစ်ခဲ့သလား ဆိုတာကို အမေရိကန်နဲ့ ကျွန်တော်တို့ မဟာမိတ်တွေရဲ့ ထောက်လှမ်းရေး ဌာနတွေက ပြောတာ ဖြစ်ပါတယ်”ဟုနေတိုးအဖွဲ့ဆိုင်ရာအမေရိကန် သံအမတ်ကြီး ဝှစ်တစ်ကာက ပြောသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ပူတင်အိမ်
#ယူကရိန်း
#တိုက်ခိုက်
#သံသယရှိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now