ကမ္ဘာ့သတင်း

ပူတင် ရာထူးမှ ဖယ်ရှားခဲ့သော ဒုကာဝန်ဟောင်း ထူးဆန်းစွာ သေဆုံး

မဲခေါင် 27 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၇ ရုရှားစစ်တပ်နှင့် ပတ်သက်သည့် အထူး လျှို့ဝှက်ချက်များအား အဓိက ထိန်းသိမ်းပေးနေခဲ့သည့် ဒုကာကွယ်ရေး ဝန်ကြီးဟောင်း ယူရီဆာဒိုဗန်ကိုသည် ခရစ္စမတ်နေ့တွင် ထူးဆန်းစွာဖြင့် ရုတ်တရက် သေဆုံးသွားခဲ့သည်။ ပူတင်သည် ရုရှားစစ်တပ်အတွင်း အပြောင်းအလဲများစွာ လုပ်ဆောင်နေခဲ့သလို စစ်ဗိုလ်ချုပ်များ ထူးဆန်းစွာ သေဆုံးမှုများလည်း ဆက်တိုက် ဖြစ်ပွားနေရာ ရုရှားအစိုးရဘက်မှ ထုတ်ပြန်ချက်အရ ၎င်းသည် နှလုံးဖောက်ကာ သေဆုံးသည်ဟု ဆိုသော်လည်း ထိုမတိုင်မီ ဖျားနာခြင်း၊ နေထိုင်မကောင်းခြင်း လုံး၀မရှိဘဲ အသက် ၅၆ နှစ်အရွယ်၌ ထူးဆန်းစွာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ဆာဒိုဗန်ကိုအား ပူတင်ကိုယ်တိုင် ကာကွယ်ရေးဝန်ကြီး အဖြစ်မှ ဖယ်ရှားခဲ့ကာ လက်ရှိ လုံခြုံရေးကောင်စီ အတွင်းရေးမှူးရာထူး ရယူခဲ့သော

မဲခေါင်၊ ဒီဇင်ဘာ ၂၇

ရုရှားစစ်တပ်နှင့် ပတ်သက်သည့် အထူး လျှို့ဝှက်ချက်များအား အဓိက ထိန်းသိမ်းပေးနေခဲ့သည့် ဒုကာကွယ်ရေး ဝန်ကြီးဟောင်း ယူရီဆာဒိုဗန်ကိုသည် ခရစ္စမတ်နေ့တွင် ထူးဆန်းစွာဖြင့် ရုတ်တရက် သေဆုံးသွားခဲ့သည်။

ပူတင်သည် ရုရှားစစ်တပ်အတွင်း အပြောင်းအလဲများစွာ လုပ်ဆောင်နေခဲ့သလို စစ်ဗိုလ်ချုပ်များ ထူးဆန်းစွာ သေဆုံးမှုများလည်း ဆက်တိုက် ဖြစ်ပွားနေရာ ရုရှားအစိုးရဘက်မှ ထုတ်ပြန်ချက်အရ ၎င်းသည် နှလုံးဖောက်ကာ သေဆုံးသည်ဟု ဆိုသော်လည်း ထိုမတိုင်မီ ဖျားနာခြင်း၊ နေထိုင်မကောင်းခြင်း လုံး၀မရှိဘဲ အသက် ၅၆ နှစ်အရွယ်၌ ထူးဆန်းစွာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဆာဒိုဗန်ကိုအား ပူတင်ကိုယ်တိုင် ကာကွယ်ရေးဝန်ကြီး အဖြစ်မှ ဖယ်ရှားခဲ့ကာ လက်ရှိ လုံခြုံရေးကောင်စီ အတွင်းရေးမှူးရာထူး ရယူခဲ့သော ရှိုအီဂူ၏ လက်ရုံး ဒုဝန်ကြီးဟောင်း ဖြစ်ပြီး ၎င်းကိုလည်း ၂၀၂၄ မေလ တွင် ပူတင်က ထုတ်ပယ်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကျူးကျော်စစ် စတင်ဆင်နွှဲပြီးနောက် ရုရှားထိပ်တန်း ဗိုလ်ချုပ်များ ဆက်တိုက်ဆိုသလို ထူးဆန်းစွာ သေဆုံးနေကာ ဆာဒိုဗန်ကို၏ ဇနီး မာရီယာခီတေးဗား သည်လည်း အခြားသော ဒုကာဝန် တီမာအီဗန်နော့ဗ်နှင့် ဖောက်ပြန်မှု ဟိုးလေးတကျော် ဖြစ်ခဲ့သည်။

အီဗန်နော့ဗ်သည်လည်း ရှိုအီဂူ၏ လက်ရုံးတစ်ဦးဖြစ်ကာ လက်ရှိတွင် အကြီးစား လာဘ်စားမှုဖြင့် ထောင်ချခံထားရသူ ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းမှာပင် ဘောလုံးလူရမ်းကား ပရိသတ်များကို စစ်တပ် ဖွဲ့စည်းပေးရာ၌ ဦးဆောင်ခဲ့သော ၄၄ နှစ်အရွယ် ရုရှား ဒုဗိုလ်မှူးကြီး စတာနီဆလပ်ဗ် အော်လော့ဗ် ရုတ်တရက် သေဆုံးခဲ့ကာ ခရိုင်းမီးယားရှိ နေအိမ်တွင် ရုရှား စစ်ထောက်လှမ်းရေးအဖွဲ့က ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ရက်ပိုင်းအတွင်းက ရုရှားဒုဗိုလ်ချုပ်ကြီး ဆာဗာရော့ဗ် ၅၆ နှစ် သည်လည်း မော်စကိုတွင် ယူကရိန်းဘက်မှ လုပ်ကြံမှုဟု ယူဆရသည့် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

ယခု နှစ်စပိုင်းတွင်လည်း ပူတင်၏ ယခင် လက်ရုံး လွှတ်တော်အမတ်၊ အိုလံပစ်နပန်းချန်ပီယံဟောင်း ၄၉ နှစ်ရှိ ဒု ဗိုလ်မှူးကြီး ဆိုင်တီအိဗ်သည် မော်စကိုမြို့ အထပ်မြင့်တိုက် ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့သေးသည်။

ဇူလိုင်လကလည်း ပို့ဆောင်ရေးဝန်ကြီး ရိုမန်စတာရိုဗွိုက် ၅၃ နှစ်သည် ရာထူးမှ ထုတ်ပယ်ခံရပြီး နာရီပိုင်း အကြာမှာပင် နေအိမ်၌ ထူးဆန်းစွာ သေဆုံးသွားခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ပူတင်
#ဒုကာဝန်ဟောင်း
#ထူးဆန်းစွာ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now