ကမ္ဘာ့သတင်း

ယူကရိန်းကို ပင်လယ်ထွက်ပေါက် ပိတ်အောင် ရုရှား လုပ်နေကြောင်း ဇီလန်စကီးပြော

မဲခေါင် 21 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၁ မော်လ်ဒိုဗာနယ်စပ်သို့ အရေးပါသော လမ်းတစ်ခုနှင့် အိုဒက်ဆာဒေသမှ စွမ်းအင် အဆောက်အဦးများနှင့် ဆိပ် ကမ်းများကို ရုရှားက လေကြောင်းမှ ရက်ပေါင်းများစွာ တိုးမြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း၏ ပင်လယ်နက် ထွက်ပေါက်ကို ဖြတ်တောက်ပစ်ရန် ရုရှားက ကြိုးစားနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောသည်။ ယူကရိန်းကို ပင်လယ်နှင့် အဆက်ဖြတ်ပစ်မည်ဟု မော်စကိုက ခြိမ်းခြောက်ခဲ့ပြီးနောက် ယူကရိန်း၏ နိုင်ငံခြားကုန်သွယ်မှုနှင့် လောင်စာ ထောက်ပံ့မှုများရှိရာ အိုဒက်ဆာဒေသ အပေါ် ရုရှားက ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်တိုက်နီးပါး တိုက်ခိုက်ခဲ့သည်။ “ ဆိပ်ကမ်း အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုဒက်ဆာ အခြေအနေက

မဲခေါင်၊ ဒီဇင်ဘာ ၂၁

မော်လ်ဒိုဗာနယ်စပ်သို့ အရေးပါသော လမ်းတစ်ခုနှင့် အိုဒက်ဆာဒေသမှ စွမ်းအင် အဆောက်အဦးများနှင့် ဆိပ် ကမ်းများကို ရုရှားက လေကြောင်းမှ ရက်ပေါင်းများစွာ တိုးမြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်း၏ ပင်လယ်နက် ထွက်ပေါက်ကို ဖြတ်တောက်ပစ်ရန် ရုရှားက ကြိုးစားနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောသည်။

ယူကရိန်းကို ပင်လယ်နှင့် အဆက်ဖြတ်ပစ်မည်ဟု မော်စကိုက ခြိမ်းခြောက်ခဲ့ပြီးနောက် ယူကရိန်း၏ နိုင်ငံခြားကုန်သွယ်မှုနှင့် လောင်စာ ထောက်ပံ့မှုများရှိရာ အိုဒက်ဆာဒေသ အပေါ် ရုရှားက ဒရုန်းများ၊ ဒုံးကျည်များဖြင့် ဆက်တိုက်နီးပါး တိုက်ခိုက်ခဲ့သည်။

“ ဆိပ်ကမ်း အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အိုဒက်ဆာ အခြေအနေက ခက်ခဲကြမ်းတမ်းပါတယ်။ ယူကရိန်းရဲ့ ပင်လယ် ချိတ်ဆက်မှုကို ကန့်သတ်ဖို့နဲ့ ကမ်းရိုးတန်းဒေသတွေကို ပိတ်ဆို့သွားဖို့ ရုရှားက ထပ်ပြီး ကြိုးစားနေပါတယ်” ဟု ဇီလန်စကီးက ကိဗ်မြို့တွင် သတင်းထောက်များအား ပြောသည်။

ပစ်ဒင်ညီ ဆိပ်ကမ်းအား ရုရှား၏ တိုက်ခိုက်မှုများကြောင့် ဆိပ်ကမ်းမှ သိုလှောင်ကန် အများအပြား ပျက်စီးသွားခဲ့ကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အိုလက်ဆီကူလီဘာက တယ်လီဂရမ်တွင်‌ ပြောကြားသည်။

ပစ်ဒင်ညီ ဆိပ်ကမ်းဒေသမှ အနောက်တောင်ဘက်ရှိ ဒီနိုင်စကာမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး မော်လ်ဒိုဗာနိုင်ငံ နယ်စပ်သို့ သွားရောက်ရာ လမ်းပေါ်ရှိ တံတားတစ်စင်းကိုလည်း ရုရှားတပ်ဖွဲ့များက အနည်းဆုံး ၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ယခုအခါ ယင်းတံတားကို အသုံးပြု၍ မရကြောင်းလည်း ကူလီဘာက ဆက်ပြောသည်။

ယူကရိန်း၏ လောင်စာဆီ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော ယင်းလမ်းကြောင်းပေါ်တွင် ယာယီ တံတားတစ်စင်း တည်ဆောက်ထားပြီး ထောက်ပံ့ ပို့ဆောင်မှုများအား အခြားဒေသများ မှတစ်ဆင့် လမ်းကြောင်း ပြောင်းထားသည်ဟု ကူလီဘာက ဆက်ပြောသည်။

နိုင်ငံတကာ တားဆီး ပိတ်ဆို့မှုများကို ရှောင်ကွင်းသွားနေသည့် ရုရှား၏ မှောင်ခို ရေနံတင်သင်္ဘောများကို ယူကရိန်းက မကြာသေးမီတွင် ဒရုန်းများဖြင့် စတင် တိုက်ခိုက်လာခဲ့ခြင်းကို လက်စားချေသည့် အနေဖြင့် ယူကရိန်း၏ ပင်လယ်နက်သို့ ထွက်ပေါက်ကို ဖြတ်တောက်ပစ်မည်ဟု ရုရှားသမ္မတ ပူတင်က သန္နိဌာန်ပြုခဲ့သည်။

စစ်ပွဲ အဆုံးသတ်ရေး နားချရန်ခက်ခဲသော သံတမန်ရေး တွန်းအားပေးမှုကို အမေရိကန်က လုပ်ဆောင်နေချိန်မှာပင် တိုက်ခိုက်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

အမေရိကန်အဖွဲ့က သောကြာနေ့တွင် ယူကရိန်းနှင့် ဆွေးနွေးခဲ့ပြီး ယနေ့တွင် ဖလော်ရီဒါပြည်နယ်၌ ရုရှား ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ယူကရိန်း
#ပင်လယ်ထွက်ပေါက်
#ရုရှား
#ဇီလန်စကီး
#အိုဒက်ဆာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now