ကမ္ဘာ့သတင်း

အာရက်ခ်ရှိ အီရန်ပလူတိုနီယမ် ဓာတ်ပေါင်းဖိုပျက်စီးမှု ဂြိုဟ်တုဓာတ်ပုံများ IDF ထုတ်ပြန်

မဲခေါင် 20 Jun - 2025
မဲခေါင်၊ ဇွန် ၂၀ အစ္စရေးတပ်မတော် IDF က အီရန်နှင့် ၆ ညဆက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် အီရန်နိုင်ငံ အလယ်ပိုင်း အာရက်ခ်ရှိ ပလူတိုနီယမ် ရေဓာတ်ပေါင်းဖိုအား လေယာဉ်ဖြင့် အနီးကပ် ပစ်ခတ်တိုက် ခိုက်မှုမှ အပျက်အဆီးများကို ဂြိုဟ်တုဓာတ်ပုံမှရိုက်ကူးပြီး ထုတ်ပြန်ပြသသွားသည်။ Maxar Technologies အဖွဲ့မှ ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ကြီးမားလှသော ပလူတိုနီယံ သန့်စင်သည့် ရေဓာတ်ပေါင်းဖိုကြီး အပေါ်တည့်တည့်၌ အပေါက်ကြီးဖြစ်နေသည့် အပျက်အစီးပုံများ ကို မြင်တွေ့ရသလို IDF ၏ ထုတ်ပြန်မှုတွင်လည်း အနီးကပ် လေယာဉ်ဖြင့်သွားပြီး ဒုံးကျည်နှင့် ပစ်ခတ် ခဲ့သည့် မှတ်တမ်းပုံများပါ ပါဝင်ခဲ့သည်။ အီရန် အစိုးရပိုင် ရုပ်သံကမူ

မဲခေါင်၊ ဇွန် ၂၀

အစ္စရေးတပ်မတော် IDF က အီရန်နှင့် ၆ ညဆက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် အီရန်နိုင်ငံ အလယ်ပိုင်း အာရက်ခ်ရှိ ပလူတိုနီယမ် ရေဓာတ်ပေါင်းဖိုအား လေယာဉ်ဖြင့် အနီးကပ် ပစ်ခတ်တိုက် ခိုက်မှုမှ အပျက်အဆီးများကို ဂြိုဟ်တုဓာတ်ပုံမှရိုက်ကူးပြီး ထုတ်ပြန်ပြသသွားသည်။

Maxar Technologies အဖွဲ့မှ ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ကြီးမားလှသော ပလူတိုနီယံ သန့်စင်သည့် ရေဓာတ်ပေါင်းဖိုကြီး အပေါ်တည့်တည့်၌ အပေါက်ကြီးဖြစ်နေသည့် အပျက်အစီးပုံများ ကို မြင်တွေ့ရသလို IDF ၏ ထုတ်ပြန်မှုတွင်လည်း အနီးကပ် လေယာဉ်ဖြင့်သွားပြီး ဒုံးကျည်နှင့် ပစ်ခတ် ခဲ့သည့် မှတ်တမ်းပုံများပါ ပါဝင်ခဲ့သည်။

အီရန် အစိုးရပိုင် ရုပ်သံကမူ အဆိုပါ အာရက်ခ် ရေဓာတ်ပေါင်းဖိုကြီးမှ ဝန်ထမ်းများကို ကြိုတင်နေရာ ပြောင်းရွှေ့ထားပြီးဖြစ်သောကြောင့် သေဆုံးဒဏ်ရာရမှု လုံး၀မရှိသလို လုပ်ငန်းလည်ပတ်မှု မရှိသေးသည့် ဓာတ်ပေါင်းဖိုဖြစ်ခြင်းကြောင့် ရေဒီယိုသတ္တုကြွမှုလည်း မရှိခဲ့ဟု ထုတ်ပြန်သွားသည်။

ယင်းရေဓာတ်ပေါင်းဖိုကြီးသည် နျူကလီးယားလက်နက် တီထွင်ရာတွင် ယူရေနီယံကဲ့သို့ မရှိမဖြစ် ပါဝင်ရမည်ဖြစ်သော နောက်ထပ် ပလူတိုနီယံ ဓာတ်သတ္တုသန့်စင်ရာ၌ အသုံးပြုနေသော ဓာတ်ပေါင်းဖို ဖြစ်သည့်အတွက် ဖောက်ခွဲဖျက်ဆီးခဲ့ရသည်ဟု အစ္စရေးဘက်မှဆိုသည်။

အစ္စရေးသည် Natanz နှင့် Isfahan ဓာတ်ပေါင်းဖိုများကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အတည် ပြုထုတ်ပြန်ခဲ့ကာ Bushehr နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခဲ့သည်ဆိုသည့် သတင်းကိုမူ ကနဦးထုတ်ပြန်ပြီးမှ မှားယွင်းထုတ်ပြန်မှုဟု ပြန်လည်ထုတ်ပြန်သည်။

Bushehr နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဖောက်ခွဲဖျက်ဆီးလျှင် ချော်နိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲခဲ့စဉ်ကကဲ့သလို လူပေါင်းများစွာသေကြေပျက်စီးရသည့် အခြေအနေ ရောက်နိုင်ကြောင်း ရုရှား နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း အကြီးအကဲက သတိပေးခဲ့သည်။

အစ္စရေးသည် လက်ရှိတွင် အီရန်၏ နျူကလီးယားလက်နက်ရရှိရေး အဓိက ဗဟိုချက်ဖြစ်သော Fordow မှ Mount Doom ခေါ် တောင်စောင်းများရှိ ကျောက်ချပ်များအောက် မြေအောက်တွင် တည် ဆောက်ထားသည့် နျူကလီးယားအဆောက်အအုံကြီးကို ထိပါးခြင်းမရှိသေးဘဲ အမေရိကန်နှင့်အတူ ထို အဆောက်အအုံကြီးအား တိုက်ခိုက်ဖျက်ဆီးနိုင်ရေး ၂ ပတ်တာ အီရန်ကို အချိန်ပေးထားသည်ဟု သိရသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#အီရန်
#ပလူတိုနီယမ်
#ဓာတ်ပေါင်းဖို
#ပျက်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now