မဲခေါင်၊ ဇွန် ၂၀
တဲလ်အဗစ်မြို့အနီး ဒုံးကျည်ထိမှန်ခဲ့သော ဟိုလွန် သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်ခေါင်းဆောင် ခါမီနီသည် မော်ဒန်ဟစ်တလာဖြစ်ကြောင်းနှင့် ထိုအာဏာရှင်မျိုးဆက် ရှိမနေသင့်တော့ဟု ပြောကြားသွားခဲ့သည်။
ခါမီနီကဲ့သို့သော အာဏာရှင်မျိုးမှာ အစ္စရေးပျက်သုဉ်းရေးက ၎င်းရည်မှန်းချက်ဟု ပြောဆိုထားပြီး သူဖြစ်ကြောင်း၊ ထိုသို့ ဆက်လက်ခွင့်မပြုနိုင်တော့ကြောင်း၊ မော်ဒန် ဟစ်တလာလို လူမျိုးဖြစ်သည့် အတွက် ဆက်ရှိမနေသင့်တော့ကြောင်း ကတ်ဇ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
သတင်းများအရ အစ္စရေးသည် ခါမီနီကို လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ထားပြီး ဒေါ်နယ်ထရမ့်က တား မြစ်ခဲ့ခြင်းကြောင့် မလုပ်ကြံဖြစ်သေးခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်နောက်ပိုင်းတွင် ထရမ့်က ခါမီနီပုန်းနေသည့်နေရာကို သိရှိထားပြီး အချိန်မရွေး ပစ်ခတ်ရှင်းလင်းနိုင်သည်ဟု သတိပေးပြောဆို ခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ခါမီနီ








