မဲခေါင်၊ ဇွန် ၁၆
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစ္စရေးဘက်မှ အီရန် ခေါင်းဆောင် အလီခါမီနီကို လုပ်ကြံရှင်းလင်းရန် တင်ပြလာမှုအား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း AP သတင်း ဌာနက ဖော်ပြသွားခဲ့သည်။
အစ္စရေးဘက်မှ ခါမီနီကို အောင်မြင်စွာလုပ်ကြံနိုင်မည့် စီမံကိန်းရှိထားကြောင်း ထရမ့်ထံ တင်ပြရာ ပယ်ချခံရသည်ဟု အမည်မဖော်သော အမေရိကန်အစိုးရ အရာရှိတစ်ဦးက AP သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထရမ့်အစိုးရအဖွဲ့မှ အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုကို ဆက်လက်ချဲ့တွင်ကာ အီရန်၏ နျူကလီးယားအဆောက်အအုံများ ပိုမိုပျက်စီးခြင်းကို အလိုရှိသေးကြောင်းနှင့် လက်ရှိမှာပင် ခါမီနီကို လုပ်ကြံခဲ့လျှင် အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုနှင့် ပဋိပက္ခများသည် ပိုမိုကျယ်ပြန့်သွားမည် ဖြစ်သောကြောင့် အစ္စရေးတင်ပြမှုကို တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသတင်းနှင့်ပတ်သက်ပြီး Fox News Channel ၏ အထူးသတင်းတွင် တင်ဆက်သူ ဘရတ်ဘိုင်ယာက အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကို မေးမြန်းခဲ့ရာ တိုက်ရိုက်ဖြေကြားခြင်း မပြုခဲ့သော်လည်း “ကျွန်တော်ပြောနိုင်တာကတော့ လုပ်ဖို့လိုတာတွေကို လုပ်နေတယ်ဆိုတာပဲ။ အမေရိကန်အနေနဲ့လည်း သူတို့အတွက် ဘယ်အရာက ပိုကောင်းစေမလဲဆိုတာကို ကောင်းကောင်း သိထားမှာပဲ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။
နက်တန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ အိုမာ ဒေါ်စထရီကမှု ခါမီနီကို အစ္စရေးလုပ်ကြံရန်စီစဉ်သည်ဆိုသော သတင်းမှာ လုပ်ကြံသတင်းသာဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် ခါမီနီ အာဏာရှင်အဖွဲ့ကိုယ်တိုင်ကပင် အလွန်အားနည်း နေပြီဖြစ်သောကြောင့် ပြုတ်ကျပျက်သုဉ်းမည့် ရလဒ်ထွက်ပေါ်လာမည်သာဖြစ်သည်ဟု ပြောသွားခဲ့ သည်။
ကိုကလင်း
Ref: AP
#MeKongNews
#အစ္စရေး
#အီရန်
#နက်တန်ယာဟု
#ခါမီနီ
#လုပ်ကြံ








