ယူအေအီးတွင် ၃ ရက်တာ ငွေတောင်းစားရာမှ မြန်မာငွေ သိန်း ၁၆၀ ကျော်ရသူကို ဖမ်းဆီး
မဲခေါင်၊ မတ် ၂၄
ယူအေအီးနိုင်ငံတွင် ရာမာဒန်ဥပုသ်လအတွင်း အလွန်များပြားသော တောင်းစားသူများကို အထူးနှိမ်နင်းမှုစီမံချက်အဖြစ် ဖမ်းဆီးနေရာ တတိယ လူဦးရေ အများဆုံးမြို့ဖြစ်သည့် ရှာဂျာမြို့၌ တောင်းစားသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ ၃ ရက်အတွင်းရရှိသည့်ငွေမှာ ယူအေအီး ဒါဟမ်းစ် ၁၄၀၀၀ ရှိနေသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရှာဂျာမြို့သည် ဒူဘိုင်းနှင့် အဘူဒါဘီပြီးလျှင် ယူအေအီးနိုင်ငံ၏ တတိယ လူအစည်ကားဆုံးမြို့ အဆင့်သာရှိသေးပြီး ရာမာဒန်ဥပုသ်လတွင် တောင်းရမ်းသူများ ဝင်ငွေကောင်းလွန်းသည့်အတွက် တောင်းစားသူများစွာ လမ်းပေါ် ရှုပ်ထွေးနေကြဖြစ်သည်။ ထို့ကြောင့် ဒူဘိုင်းတွင် လမ်းဘေးစျေးသည် ၃၇၅ ယောက်ကို ဥပုသ်လ ပထမလဝက်ကာလအတွင်း ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။
ရှာဂျာမြို့မှ အထူးတာဝန်များဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Omer Al Ghazal Al Shamsi က သူတောင်းစားများသည် လူမှုဘ၀လုံခြုံရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာကာ မြန်နိုင်သမျှ၊ များနိုင်သမျှ တောင်းရမ်းရယူခြင်းဖြင့် တရားမဝင်သော အကျိုးအမြတ်ရှာဖွေမှုများလုပ်နေသည့်အတွက် စီမံကိန်းချ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ ပလီများအနီး တောင်းရမ်းသူများ ပျားပန်းခတ်မျှ များပြားနေ ပြီး ဆုတောင်းဝတ်ပြုသူများအတွက်လည်း အနှောင့်အယှက်ကြီးစွာဖြစ်ရကြောင်း၊ ထို့ကြောင့် ဖမ်းဆီး ရာတွင် သူတောင်းစားတစ်ဦးသည် ၃ ရက်တာအတွင်းတောင်းစားရာမှ ဒါဟမ်းစ် ၁၄၀၀၀ လက်ဝယ် ပိုင်ဆိုင်ထားသည်ကို သိရှိခဲ့ရသည်ဟု ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
ဒါဟမ်းစ် ၁၄၀၀ သည် အမေရိကန်ဒေါ်လာနှင့်တွက်ချက်လျှင် ၃၈၁၁ ဒေါ်လာရှိပြီး လက်ရှိ မြန်မာကျပ် ငွေလဲနှုန်းနှင့်ဆိုလျှင် ကျပ်သိန်း ၁၆၀ ကျော် ရှိနေသည်။
ကိုကလင်း
Ref: gulftoday
#MeKongNews









