ကမ္ဘာ့သတင်း

ရက် ၃၀ အပစ်အခတ်ရပ်စဲရန် လက်ခံသဘောတူပြီးမှ ရုရှားက ယူကရိန်းဒေသများသို့ ဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်

မဲခေါင် 13 Mar - 2025
မဲခေါင်၊ မတ် ၁၃ မတ် ၁၁ ရက်တွင် ဆော်ဒီနိုင်ငံ၌ ယူကရိန်း-ရုရှားစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ရုရှားဘက်က ယူကရိန်းဗဟိုဒေသများသို့ ဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့စ်ရူဘီယို၊ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ခ်ဝဲလ်ဇ်နှင့်ကိုယ်စားလှယ်များ၊ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင်ဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိမ်ရှင်အဖြစ် စေ့စပ်ပေးသော ဆော်ဒီမင်းသား မိုဟာမက်ဘင် ဆယ်လ်မန်တို့ ၈ နာရီကြာ ဆွေးနွေးပြီးနောက် ၎င်းတို့ဘက်မှ ရုရှား-ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ် အခတ်ရပ်စဲရေး လက်ခံသဘောတူညီနိုင်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးမှ အတည်ပြု ထုတ် ပြန်ခဲ့သော်လည်း ထိုစေ့စပ်ပေးခြင်းသဘောတူညီချက်ကို ပူတင်ဘက်က

မဲခေါင်၊ မတ် ၁၃

မတ် ၁၁ ရက်တွင် ဆော်ဒီနိုင်ငံ၌ ယူကရိန်း-ရုရှားစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ရုရှားဘက်က ယူကရိန်းဗဟိုဒေသများသို့ ဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုများ ရှိခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မားကို့စ်ရူဘီယို၊ အမျိုးသားလုံခြုံရေး အကြံပေး မိုက်ခ်ဝဲလ်ဇ်နှင့်ကိုယ်စားလှယ်များ၊ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင်ဦးဆောင်သော ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့်အတူ အိမ်ရှင်အဖြစ် စေ့စပ်ပေးသော ဆော်ဒီမင်းသား မိုဟာမက်ဘင် ဆယ်လ်မန်တို့ ၈ နာရီကြာ ဆွေးနွေးပြီးနောက် ၎င်းတို့ဘက်မှ ရုရှား-ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ် အခတ်ရပ်စဲရေး လက်ခံသဘောတူညီနိုင်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးမှ အတည်ပြု ထုတ် ပြန်ခဲ့သော်လည်း ထိုစေ့စပ်ပေးခြင်းသဘောတူညီချက်ကို ပူတင်ဘက်က လက်ခံသဘောတူရန်သာ လို တော့သည်ဟုလည်း ထုတ်ပြန်သည်။

ရှေ့တစ်ရက်တွင် ယူကရိန်းသည် မော်စကိုမြို့နှင့်အနီးတစ်ဝိုက်ဒေသများသို့ ဒရုန်းပေါင်း ၃၅၀ ကျော် ဖြင့် စံချိန်တင်အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရကာ တိုက်တာအဆောက် အအုံနှင့်ကားများ ပျက်စီးခဲ့သည်။

ထိုအခြေအနေတွင် ရုရှား ကာကွယ်ရေးဒုဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဩဇာကြီးသူလည်းဖြစ်သော ရုရှားဗိုလ်မှူးကြီး အန်ဒရေး ကာတာပိုလော့ဗ်က ယူကရိန်းကို လက်စားချေရန် အသံထက် ၁၀ ဆမြန်ကာ တစ်နာရီ ၇၆၀၀ မိုင် အလျင်ဖြင့် ပစ်ခတ်နိုင်သည့် နျူကလီးယားနီးပါးပြင်းအားရှိ Oreshnik ဒုံးကျည်ဖြင့် ပစ်ခတ် လက်စားချေရေး ဖိအားပေးတိုက်တွန်းခဲ့သည်။

အဆိုပါ ဒုံးကျည်ဖြင့်ပစ်ခတ်ခြင်းမရှိသော်လည်း မတ် ၁၂ ရက်၌ ရုရှားဘက်မှ ယူကရိန်း ဗဟိုဒေသများ ဖြစ်သော အော်ဒက်ဆာ ဆိပ်ကမ်း၊ ကရာဗီရစ်ချ်နှင့် ဒီနီပရိုဒေသများသို့ ဒုံးကျည်များစွာဖြင့် အပြင်း အထန် ပစ်ခတ်လက်စားချေခဲ့သည်။

အော်ဒက်ဆာဆိပ်ကမ်း ဒုံးကျည်ပစ်ခတ်ခံရမှုတွင် ပြည်ပ သင်္ဘော တစ်စီး ထိမှန်ပြီး ဆီးရီးယားသား ၃ ဦးနှင့် ယူကရိန်းသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ကြောင်း၊ မိနစ်ပိုင်းအကြာတွင် အော်ဒက်ဆာမြို့တွင်းသို့ အင်အားပြင်း ဒုံးကျည်တစ်လုံးထပ်ကျခဲ့ကြောင်း၊ တစ်ဆက်တည်း ဒီနီပရိုမြို့ပေါ် ဒရုန်း ၂၀ ဖြင့် တိုက်ခိုက်ခံရမှုတွင် ယူကရိန်း ဘက်မှ ဒရုန်း ၁၂ စင်းသား ဖျက်ချနိုင်သဖြင့် နေ့ကလေးထိန်းကျောင်းနှင့် စာသင်ကျောင်းအပါ အဆောက်အအုံ အနည်းဆုံး ၁၀ လုံး ပျက်ဆီးကြောင်း၊ ကရာဗီရစ်ချ်အရပ် ဒုံးကျည် ပစ်ခတ်ခံရမှုတွင်လည်း ၄၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးကာ ၂ ယောက်ဒဏ်ရာရကြောင်း၊ ညပိုင်း ဖျက်ချခံရသည့် ဒရုန်းအကြီးစားအပိုင်းအစ များ မြို့တော် ကိဗ်ရှိ လူနေအိမ်ရာများပေါ် ကျရောက်မီးလောင်မှုများလည်း ရှိခဲ့ကြောင်း ယူကရိန်း ဘက်က ထုတ်ပြန်ခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ဦးဆောင်မှုဖြင့် ယူကရိန်း – ရုရှားစစ်ပွဲ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များရရှိသည်ဆိုသော်လည်း ရုရှားဘက်မှ ထိုသဘောတူညီချက်ကို အတည်မပြုသေးမီ ယူကရိန်းနိုင်ငံအပေါ် လက်စားချေတိုက်ခိုက်ခြင်းဖြစ်ကာ ထောက်လှမ်းရေးရင်းမြစ်များအဆိုအရ ယူကရိန်းသည် နယ်မြေ ၂၀ ရာခိုင်နှုန်းကို ရုရှားအားပေးအပ်ရန် သဘောတူပေးခဲ့ရသည်ဟုလည်း သိရှိရသည်။

Ref:Thesun
ကိုကလင်း
#MeKongNews
#ရုရှား
#ယူကရိန်း
#အပစ်ရပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now