ကမ္ဘာ့သတင်း

သေဆုံးနေသည့် ဓားစာခံ မိသားစုဝင်လေးယောက် အခေါင်းများ ဟားမက်စ်က အစ္စရေးထံ ပြန်ပို့

မဲခေါင် 21 Feb - 2025
သေဆုံးနေသည့် ဓားစာခံ မိသားစုဝင်လေးယောက် အခေါင်းများ ဟားမက်စ်က အစ္စရေးထံ ပြန်ပို့

သေဆုံးနေသည့် ဓားစာခံ မိသားစုဝင်လေးယောက် အခေါင်းများ ဟားမက်စ်က အစ္စရေးထံ ပြန်ပို့

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ထိရှလွယ်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့် ဖမ်းဆီး ဓားစာခံ ပြန်လွှတ်ပေးမှုအဖြစ် ဟားမက်စ်ဘက်က ဖေဖော်ဝါရီ ၁၉ ရက်တွင် သေဆုံးပြီးဖြစ်သော အစ္စရေး ဘီဘက်စ်မိသားစုဝင်လေးယောက် အခေါင်းများကို အစ္စရေးထံ Red Cross အဖွဲ့မှတစ်ဆင့် ပြန်ပို့ဆောင်ပေးခဲ့သည်။

၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်စစ်သွေးကြွများ အစ္စရေးနယ်စပ်မြို့သို့ အလုံးအရင်း ဝင်ရောက်ပြီး အရပ်သား ၁၂၁၁ ယောက်ကို သတ်ဖြတ်ကာ ၂၅၁ ယောက်ကို ပြန်ပေးဆွဲသွားခြင်းဖြစ်ရာ ယခင် ဓားစာခံ အယောက် ၇၀ ကို ဟားမက်စ်ဘက်မှ ပြန်လွှတ်ပေးရာတွင် သေဆုံးသူ အယောက် ၃၀ ပါဝင်ခဲ့သည်။

ယခု ၆ ပတ်တာ အပစ်အခတ်ရပ်စဲခြင်းနှင့်အတူ ပထမအဆင့် ဓားစာခံပြန်လွှတ်ရာတွင် ဦးဆုံး ပြန်လွှတ်ပေး လိုက်သော ဘိဘက်စ်မိသားစုမှာ အစ္စရေးဘက်မှ ဂါဇာအတွင်း ဗုံးကြဲတိုက်ခိုက်မှုမှ စောလျှင်စွာ‌ သေဆုံးခဲ့သူ များဖြစ်ကြောင်း၊ မိခင် ရှီရီဘီဘက်စ်၊ ၄ နှစ်အရွယ်သားကြီး ကေဖာနှင့် ၇ လအရွယ်သားငယ် အေရီရယ်၊ တခြား ဆွေမျိုးနီးစပ် ၈၃ နှစ်အရွယ် အိုဒက်ဆိုသူတို့ အခေါင်းများကို ပြန်ပို့ပေးခြင်းဖြစ်သည်။

အခေါင်းများတွင် ဒုံးကျည်ပုံများနှင့် အမေရိကန်ဗုံးများကြောင့် ထိုမိသားစုသေဆုံးရခြင်းဖြစ်ကြောင်း စာတန်းရေးထိုးထားသလို စစ်ဝတ်စုံနှင့်ထိုင်နေသူတစ်ယောက်ပုံတွင် သွေးဆာနေသော သွေးစုပ်ဖုတ်ကောင် နက်တန်ယာဟု ဟု ရေးခြယ် ထားသည်။

ပထမအဆင့် ဓားစာခံစေလွှတ်မှုအဖြစ် ဟားမက်စ်ဘက်မှ ဓားစာခံ ၁၄ ယောက်စေလွှတ်မည်ဖြစ်ပြီး အစ္စရေး ဘက်က ဖမ်းဆီးထားသော ပါလက်စတိုင်း ၁၁၀၀ ကို ပြန်လွှတ်ပေးရမည်ဖြစ်သည်။

အစ္စရေးနှင့်ဟားမက်စ်တို့၏ စစ်ပွဲတွင် ပါလက်စတိုင်းဘက်မှ ၄၈၂၉၇ ယောက် သေဆုံးခဲ့‌ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဟားမက်စ်ထောက်ခံ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့သည်။

Ref: nzherald
ကိုကလင်း
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now