ကက်ရှ်ဒေသတိုက်ပွဲတွင် ရုရှားစစ်သား သောင်းချီ သေဆုံးပြီး မြောက်ကိုရီးယားတပ် ပြုန်းခဲ့ပြီဟု ဇီလန်းစကီးဆို
မဲခေါင်၊ ဖေဖော်ဝါရီ ၁၈
ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားနိုင်ငံပိုင် ကက်ရှ်ဒေသကို ဝင်ရောက်သိမ်းပိုက်မှုတွင် ရုရှားဘက်က မြောက်ကိုရီးယားတပ်သားများကို မဟာမိတ်အဖြစ် ခေါ်ဆောင်ပြီး ထိုးစစ်ပြန်ဆင်ရာတွင် ကျရှုံးခဲ့ကာ ထိုဒေသ စစ်ပွဲမှာပင် ရုရှားစစ်သား ၂၀၀၀၀ ကျော် သေဆုံးပြီး မြောက်ကိုရီးယားတစ်တပ်လုံးပြုန်းသွားခဲ့ပြီဟု ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံတွင် ဖွင့်ပြောသွားခဲ့သည်။
မိမိတို့ ကျူးကျော်ခံနေရမှုအတွက် မဟာဗျူဟာချမှတ်ပြီး ရုရှားဘက်က နှစ်နိုင်ငံကြား ကြားခံဇုန် သတ်မှတ်ရေး စီစဉ်ထားသော ကက်ရှ်ဒေသကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကက်ရှ်ထိုးစစ် ၆ လအတွင်း ရုရှား တပ်သား ၂၀၀၀၀ ကျော်သေဆုံးခဲ့ပြီး မြောက်ကိုရီးယားတပ်လည်း အလုံးစုံ ပျက်သုဉ်းသွားခဲ့ပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကမှ ယူကရိန်းတင်များသည် ရုရှားစစ်သည် ၁၁၈၀ ဦးကို သုတ်သင်ကာ တင့်ကား ၁၁ စီး၊ ခြေလျှင်တိုက်ခိုက်ရေးယာဉ် ၁၇ စီး၊ အမြောက် ၅၉ ခု၊ UAV ၁၁၇ စင်းကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟုလည်း ဇီလန်း စကီးက ဖေဖော်ဝါရီ ၁၅ ရက် ညီလာခံတွင် ပြောကြားခဲ့သည်။
တစ်ဆက်တည်း ရုရှားဘက်မှ ယနေ့ ငြိမ်းချမ်းရေးစကား စတင်ဆိုလာခြင်းမှာ စစ်ပွဲကာလတစ်လျှောက် ရုရှား စစ်သည် ၂၅၀၀၀၀ သေဆုံးခဲ့ပြီး ၆၁၀၀၀၀ ဒဏ်ရာရခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း ဇီလန်းစကီးက ထုတ်ပြန် ပြောဆိုခဲ့သည်။
Ref: nknews
ကိုကလင်း
#MeKongNews








