ကမ္ဘာ့သတင်း

ယူကရိန်းရှိ အရပ်သားပစ်မှတ်များကို ရုရှားတိုက်ခိုက်မှု ကလေးနှင့် သက်ကြီးရွယ်အိုအပါ ၁၈ ဦး သေဆုံး

မဲခေါင် 3 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၃ ယူကရိန်းရှိ အရပ်သားပစ်မှတ် နှစ်နေရာကို ရုရှားက ဖေဖော်ဝါရီ ၁ ရက်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုအပါ စုစုပေါင်း ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ နိုင်ငံအလယ်ပိုင်း ပိုလ်တာဗာဒေသက အရပ်သားများနေထိုင်ရာ ၅ ထပ်တိုက်အား ဖေဖော်ဝါရီ ၁ ရက်မှာ ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၉ နှစ်အရွယ်ကလေးနှင့် မိဘနှစ်ပါး၊ ယူကရိန်း သရုပ်ဆောင်တစ်ဦးအပါ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။ အပျက်အစီးများအကြား ပိတ်မိနေခဲ့သည့် အရပ်သား ၁၀၀ ခန့်ကိုလည်း ကယ်ထုတ်ခဲ့ရသေးသည်။ ကယ်ထုတ်ခဲ့သူများတွင် ကလေး ၄ ဦးပါဝင်ကြောင်း ပိုလ်တာဗာမြို့တော်ဝန်က ထုတ်ပြန်သည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၃

ယူကရိန်းရှိ အရပ်သားပစ်မှတ် နှစ်နေရာကို ရုရှားက ဖေဖော်ဝါရီ ၁ ရက်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုအပါ စုစုပေါင်း ၁၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း ပိုလ်တာဗာဒေသက အရပ်သားများနေထိုင်ရာ ၅ ထပ်တိုက်အား ဖေဖော်ဝါရီ ၁ ရက်မှာ ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ၉ နှစ်အရွယ်ကလေးနှင့် မိဘနှစ်ပါး၊ ယူကရိန်း သရုပ်ဆောင်တစ်ဦးအပါ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။

အပျက်အစီးများအကြား ပိတ်မိနေခဲ့သည့် အရပ်သား ၁၀၀ ခန့်ကိုလည်း ကယ်ထုတ်ခဲ့ရသေးသည်။ ကယ်ထုတ်ခဲ့သူများတွင် ကလေး ၄ ဦးပါဝင်ကြောင်း ပိုလ်တာဗာမြို့တော်ဝန်က ထုတ်ပြန်သည်။

ထိုနေ့တစ်ရက်တည်းမှာပင် ယူကရိန်းသိမ်းပိုက်ထားသည့် ကက်ရှ်ဒေသရှိ သက်ကြီးရွယ်အို စစ်ရှောင်များ ပုန်းခိုနေသည့် စာသင်ကျောင်းဟောင်းကို ရုရှားက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် သက်ကြီးရွယ်အို ၄ ဦး သေဆုံးခဲ့သည်။

နာမကျန်းနှင့် သက်ကြီးရွယ်အိုများအား ရုရှားတိုက်ခိုက်သည်မှာ ထိုဖြစ်စဥ်သည် ပထမဆုံးမဟုတ်ဘဲ ချေချင်းညှာထိုးစစ်နှင့် ဆီးရီးယားစစ်ဆင်ရေးများတွင်လည်း အရပ်သားနေအိမ်များကို ရုရှားက ဖျက်ဆီးခဲ့ကြောင်း ပူတင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဆင်နယ်လ်နီကော့ဗ် က ဝေဖန်သည်။

ယူကရိန်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ က ရုရှားလုပ်ရပ်သည် မျက်နှာဖုံးမတပ်ထားသည့် မျက်နှာအစစ်ဖြစ်ကြောင်း၊ ပူတင်သည် လူသတ်သမားသာဖြစ်ပြီး မည်သည့် ကမ္ဘာ့ခေါင်းဆောင်မျိုး၊ မည်သည့် နိုင်ငံမျိုးကိုမှ လေးစားစိတ်မရှိကြောင်း၊ ယူကရိန်းနိုင်ငံထဲ နျူကလီးယားဒုံးကျည်များ၊ Kh-22 ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်း ပြောဆိုသည်။

ရုရှားသည် ယူကရိန်းမြို့များစွာနှင့် လူနေထူထပ်ရာ နေရာရာပေါင်းများစွာကို ဒုံးကျည် ၅၀ ကျော်၊ ဒရုန်းတိုက်ခိုက်မှု ၆၆၀ ကျော်၊ လေကြောင်း ပဲ့ထိန်းဗုံးကြဲမှု ၇၆၀ ကြိမ် ရက်ပိုင်းအတွင်း ပြုလုပ်ထားသည်။

ရုရှားသည် သူ့သဘောနှင့်သူ သွေးဆာရန်ပြုခြင်းအား ရပ်တန့်စရာမရှိတော့သောကြောင့် ကမ္ဘာကြီး တစ်ခုလုံး ဝိုင်းဝန်းတားဆီးခြင်း၊ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်များပိုမို ထောက်ပံ့ပေးခြင်း ပြုကြဖို့ ယူကရိန်းသမ္မတ ဇီလန်းစကီး က ပြောသည်။

Ref:Thesun
ကိုကလင်း
#MeKongNews
#ရုရှား
#ယူကရိန်း
#ကလေးငယ်
#လေကြောင်း
#တိုက်ခိုက်
#သက်ကြီးရွယ်အို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now