နာဇီတွေဝှက်ခဲ့တဲ့ ပိုလန်ဘုရင်ရဲ့ သရဖူ ပြန်လည်ရှာတွေ့
မဲခေါင်၊ ဇန်နဝါရီ ၁၅
ဟစ်တလာရဲ့ နာဇီတပ်တွေ ဥရောပကို သိမ်းပိုက်စဉ်က လုယက်ခဲ့တဲ့ တော်ဝင် နန်းစဉ် ရတနာတွေထဲက တန်ဖိုးကြီးရတနာဖြစ်တဲ့ ပိုလန်ဘုရင်ရဲ့ သရဖူပါတဲ့ ရတနာသေတ္တာကို ပြီးခဲ့တဲ့လက လစ်သူရေးနီးယားနိုင်ငံ ဗီလ်နီးယက်စ်မြို့ ကာတီဒရော့စ်ဘုရားရှိခိုးကျောင်းအောက်က လျှို့ဝှက်မြေအောက် ဂူတစ်ခုထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကက်သလစ်ဘုရားရှိခိုးကျောင်းအောက်ဘက် မြေအောက်လျှို့ဝှက်ခန်းထဲက လှိုဏ်ခေါင်းအတွင်း သေတ္တာတစ်ခု တွေ့ရှိရပြီး အထဲမှာ လွန်ခဲ့တဲ့နှစ် ၅၀၀ က ပိုလန်ဘုရင် အလက်ဇန္ဒားဂျာဂီရယ်လွန်ရဲ့ နန်းစဉ် သရဖူနဲ့ လစ်သူရေးနီးယားဘုရင်တွေရဲ့ နန်းစဉ် ရတနာတွေကိုပါ တွေ့ရှိခဲ့ကြောင်း လစ်သူရေးနီးယား ယဉ်ကျေးမှု အမွေအနှစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
သရဖူပိုင်ရှင် ဂျာဂီရယ်လွန်ဟာ ၁၄၉၂ ခုနှစ်ကစလို့ လစ်သူရေးနီးယားရဲ့ တော်ဝင်မြို့စားဖြစ်ခဲ့ပြီး ၁၅၀၁ ခုနှစ်ကမှာ ပိုလန်ဘုရင်အဖြစ် ထီးနန်းဆက်ခံခဲ့တာပါ။
ရှာတွေ့ခဲ့တဲ့ ရတနာကို ၁၉၃၉ စက်တင်ဘာ ၇ ရက်ထုတ် သတင်းစာနဲ့ပတ်ထားတာကြောင့် ဒီကာလဟာ နာဇီတွေ ကျူးကျော်စစ်ကာလဖြစ်လို့ နာဇီတွေပဲ ဝှက်ထားခဲ့တာဖြစ်တယ်လို့ ယုံကြည်ယူဆကြပါတယ်။
နန်းစဉ်ရတနာများစွာကို ပြန်လည် ရှာတွေခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရာမို့ ကာလတန်ကြေး မသတ်မှတ်ကြောင်း လစ်သူရေးနီးယား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဦးစီးဌာနအကြီးအကဲက ပြောကြားပါတယ်။
Ref:Thesun
MKF-001
#MeKongNews









