ကမ္ဘာ့သတင်း

ကမ္ဘာ့လစာအများဆုံးဝန်ထမ်းအဖြစ် အိန္ဒိယနွယ်ဖွား ဂျာဒိဆင်း ရပ်တည်

မဲခေါင် 5 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၅ အမေရိကန်အခြေစိုက် လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းကြီး QuantumScape ရဲ့ ထူထောင်သူနဲ့ စီအီးအိုဟောင်း အိန္ဒိယနွယ်ဖွား ဂျာဒိဆင်းဟာ ဒီကနေ့ကမ္ဘာမှာ လစာအများဆုံးရရှိတဲ့ ဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Moneycontrol ထုတ်ပြန်မှုအရ သိရှိရပါတယ်။ ဂျာဒိဆင်းဟာ တစ်နှစ်လစာ ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံရှိပြီး တစ်ရက်ဝင်ငွေနဲ့တွက်ရင်တောင် ဒေါ်လာ ၅ ဒဿမ ၆ သန်း ရှိနေခဲ့လို့ ကမ္ဘာ့လစာအကောင်းဆုံး အလုပ်သမားဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ အချိန် အတိုဆုံး အားသွင်းနိုင်ပြီး အချိန်အကြာဆုံး သုံးနိုင်စေမယ့် လျှပ်စစ်ကားတွေအတွက် ဘက်ထရီကို Quantumscape ကုမ္ပဏီကနေ အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၂၄ ဖေဖော်ဝါရီက

မဲခေါင်၊ ဇန်နဝါရီ ၅

အမေရိကန်အခြေစိုက် လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းကြီး QuantumScape ရဲ့ ထူထောင်သူနဲ့ စီအီးအိုဟောင်း အိန္ဒိယနွယ်ဖွား ဂျာဒိဆင်းဟာ ဒီကနေ့ကမ္ဘာမှာ လစာအများဆုံးရရှိတဲ့ ဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Moneycontrol ထုတ်ပြန်မှုအရ သိရှိရပါတယ်။

ဂျာဒိဆင်းဟာ တစ်နှစ်လစာ ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံရှိပြီး တစ်ရက်ဝင်ငွေနဲ့တွက်ရင်တောင် ဒေါ်လာ ၅ ဒဿမ ၆ သန်း ရှိနေခဲ့လို့ ကမ္ဘာ့လစာအကောင်းဆုံး အလုပ်သမားဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ အချိန် အတိုဆုံး အားသွင်းနိုင်ပြီး အချိန်အကြာဆုံး သုံးနိုင်စေမယ့် လျှပ်စစ်ကားတွေအတွက် ဘက်ထရီကို Quantumscape ကုမ္ပဏီကနေ အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၂၄ ဖေဖော်ဝါရီက ကုမ္ပဏီ စီအီးအိုနေရာကို ဆီဗာဆီဗာရမ်ဆိုသူထံ လက်လွှဲပေးလိုက်ပေမယ့် ၂၀၁၀ မှာ စတင်ထူထောင်တဲ့ ဒီကုမ္ပဏီဟာ စတော့စျေးကွက်တန်ကြေး ဒေါ်လာ ၂ . ၃ ဘီလီယံတန်တဲ့အထိ အောင်မြင်ခဲ့လို့ ခုထိ ကုမ္ပဏီရဲ့ ဦးဆောင်ကဏ္ဍ ကနေ လစာများစွာ ခံစားရရှိနေသေးတာဖြစ်ပါတယ်။

နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတော်တော်များများက ဘွဲ့တွေ ရယူပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဆန်းသစ်တီထွင် ဦးဆောင်လုပ်ငန်းရှင်အဖြစ် ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ ဂျာဒိဆင်းဟာ ကုမ္ပဏီပေါင်းများစွာမှာ အလုပ်သမားအဖြစ် ကျင်လည်ခဲ့ပြီး ဒီကုမ္ပဏီတွေထဲ HP နဲ့ Sun Microsystems တို့လည်း ပါဝင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာ AirSoft ကုမ္ပဏီထူထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လည်း နောက်ထပ် ကုမ္ပဏီတစ်ခု ထပ်ထူထောင်ကာ ကုမ္ပဏီတော်တော်များများမှာ စီအီးအိုရာထူးတွေ ရရှိထားလို့ ဝင်ငွေပေါင်းများစွာကို ဝန်ထမ်းအဖြစ် ရရှိတဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပါ။

Ref: newsbytesapp
MKF-001
#MeKongNews
#ဂျာဒိဆင်း
#ကမ္ဘာ့လစာ
#လစာအများဆုံး
#အမေရိကန်အခြေစိုက်
#လျှပ်စစ်ကား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now