မဲခေါင်၊ ဒီဇင်ဘာ ၄
ဖမ်း၀ရမ်းထုတ်ခံရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုကို ဇန်နဝါရီ ၃ ရက်က အစိုးရရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ သမ္မတ အိမ်တော်ထဲ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားရာမှာ သမ္မတ သက်တော်စောင့်တွေ၊ ယွန်းဆက်ယိုဘက်ရပ်တည်တဲ့ စစ်သားတွေ အပြင် ရာနဲ့ချီပြီး နေအိမ်ဝင်ပေါက်ကို လူတံတိုင်းကာရန်ပေးတဲ့ ပြည်သူတွေကြောင့် ၆ နာရီကြာ ၀ရုန်းသုန်းကား ဖြစ်ပြီးနောက် ဖမ်းဆီးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပါတယ်။
ယွန်းဆက်ယိုဟာ ရုံးတော်က နိုင်ငံတော်သစ္စာဖောက်မှု ဟုတ်၊ မဟုတ် စစ်ဆေးဖို့ ဆင့်ခေါ်မှု ၃ ကြိမ်စလုံးကို လက်မခံဘဲ အိမ်ရှေ့မှာ သူ့ဘက်ကထောက်ခံတဲ့ ပြည်သူတွေ ၂၄ နာရီ သပိတ်လုပ်ပြီး ကာရန်ပေးထားသလို သက်တော်စောင့်တွေနဲ့ သူ့ဘက်တော်သား စစ်သားတွေပါ အကာအကွယ်ပေးထားပြီး နိုင်ငံအတွက် နောက်ဆုံးအထိ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် စုံစမ်းစစ်ဆေးရေးအာဏာပိုင်တွေဟာ ဇန်နဝါရီ ၆ ရက်နောက်ဆုံးထားပြီး အရ ဖမ်းဆီးမယ်လို့ ကတိပြုခဲ့ရာမှာ ဇန်နဝါရီ ၃ ရက်နေ့က အင်အားသုံးခဲ့ပေမယ့် လူတံတိုင်းကာရန်ထားလို့ မအောင်မြင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။
အစိုးရရဲတပ်ဖွဲ့ဟာ လက်နက် အသုံးပြုတဲ့ သွေးထွက်သံယိုမှု၊ အဓိကရုဏ်ဆန်တဲ့ ချေမှုန်းမှုလမ်းစဉ် မကျင့်သုံးခဲ့တာကြောင့် ဖမ်းဆီးမှု အစီအစဉ်ကို ခေတ္တရပ်လိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#တောင်ကိုရီးယား
#သမ္မတဟောင်း
#ယွန်းဆက်ယို
#ထောက်ခံသူ
#ရဲတပ်ဖွဲ့
#ဖမ်းဝရမ်း
#နောက်ပြန်ဆုတ်








