မဲခေါင်၊ ဇန်နဝါရီ ၃
ထိုင်းနိုင်ငံကို ခရီးသွားအဖြစ်ရောက်ရှိလာခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသား ပရော်ဖက်ရှင်နယ် မီးအလှပြအကသမားကို မြန်မာနိုင်ငံဘက်က ရာဇဝတ်ဂိုဏ်းလို့ယူဆရသူတွေ ပြန်ပေးဆွဲသွားပြီး မိသားစုထံက ပြန်ပေးငွေ တောင်းဆိုနေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Hsieh ဆိုသူကို ပြီးခဲ့တဲ့တစ်ပတ် ဗုဒ္ဓဟူးနေ့မှာ မိသားစုက နောက်ဆုံး ဆက်သွယ်ရရှိခဲ့ရာမှာ တည်နေရာဟာ မြန်မာနိုင်ငံအတွင်းတည်နေရာဖြစ်ပြီး Hsieh ဟာ မိသားစုထံကို အမေရိကန်ဒေါ်လာ သိန်းသောင်းချီပေးဖို့နဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းက ပြန်ပေးငွေတောင်းခံတယ်လို့ ထိုင်ဝမ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ရှင်းလင်းပြောကြားသွားပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာမှာရှိတဲ့ ထိုင်ဝမ်သံရုံးကနေ စစ်ကောင်စီကို အကြောင်းကြားပြီး လွတ်မြောက်လာနိုင်ရေး တောင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်အာဏာပိုင်တွေက မိမိတို့နိုင်ငံသားတွေ အရှေ့တောင်အာရှကို အလည်အပတ်သွားရင်း Hsieh လိုပုံစံနဲ့ မြန်မာရာဇဝတ်ဂိုဏ်းတွေရဲ့ ပြန်ပေးဆွဲ ငွေညှစ်ခံရမှု၊ ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေမှုတွေလုပ်ခံနေရတာ အရည်အတွက်အားဖြင့် များလာခဲ့လို့ အထူးသတိထားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Ref: taipeitimes
MKF-001
#MeKongNews
#ထိုင်ဝမ်
#ကျားဖြန့်
#ပြန်ပေးဆွဲ
#ရာဇဝတ်ဂိုဏ်’
#မီးအလှပြန်








