ကမ္ဘာ့သတင်း

ထရမ့်ဟိုတယ်အနီး ကားပေါက်ကွဲမှု ၁ ဦးသေ ၇ ဦးဒဏ်ရာရ

မဲခေါင် 2 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂ အီလွန်မာ့ခ်ရဲ့ ကုမ္ပဏီ Tesla ထုတ် Cybertruck ကားဟာ ဇန်နဝါရီ ၁ ရက်နေ့က လက်စ်ဗီးဂတ်မှာရှိတဲ့ ထရမ့်ဟိုတယ် အပြင်ဘက်နားမှာ ပေါက်ကွဲမီးလောင်းခဲ့လို့ ၁ ဦးသေ ၇ ဦး ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ကားမောင်းလာသူ သေဆုံးခဲ့ပြီး အနီးအနားဖြတ်သွား ဖြတ်လာ ၇ ယောက်ဒဏ်ရာရခဲ့မှုမှာ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဟိုတယ် ဝင်ပေါက် ရှေ့ ရပ်ထားတုန်း ပြင်းထန်စွာပေါက်ကွဲသွားတာဖြစ်ပါတယ်။ ကားပေါက်ကွဲမှုကြောင့် အနီးအနားက ဟိုတယ်မှန်တွေလည်း ကွဲခဲ့ကာ ပေါက်ကွဲပြီးနောက် စစ်ဆေးမှုမှာလည်း ကားထဲ မီးရှူးမီးပန်း၊ ဂက်စ်ဗူး၊

မဲခေါင်၊ ဇန်နဝါရီ ၂

အီလွန်မာ့ခ်ရဲ့ ကုမ္ပဏီ Tesla ထုတ် Cybertruck ကားဟာ ဇန်နဝါရီ ၁ ရက်နေ့က လက်စ်ဗီးဂတ်မှာရှိတဲ့ ထရမ့်ဟိုတယ် အပြင်ဘက်နားမှာ ပေါက်ကွဲမီးလောင်းခဲ့လို့ ၁ ဦးသေ ၇ ဦး ဒဏ်ရာရခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု ဟုတ်မဟုတ် စစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

ကားမောင်းလာသူ သေဆုံးခဲ့ပြီး အနီးအနားဖြတ်သွား ဖြတ်လာ ၇ ယောက်ဒဏ်ရာရခဲ့မှုမှာ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ ဟိုတယ် ဝင်ပေါက် ရှေ့ ရပ်ထားတုန်း ပြင်းထန်စွာပေါက်ကွဲသွားတာဖြစ်ပါတယ်။

ကားပေါက်ကွဲမှုကြောင့် အနီးအနားက ဟိုတယ်မှန်တွေလည်း ကွဲခဲ့ကာ ပေါက်ကွဲပြီးနောက် စစ်ဆေးမှုမှာလည်း ကားထဲ မီးရှူးမီးပန်း၊ ဂက်စ်ဗူး၊ ယာဉ်မောင်းစနစ်ထိန်းချုပ်မှုမှာ ချိန်ကိုက်ထိခတ်နိုင်တဲ့ လောင်စာတွေကို တပ်ဆင်ထားဖွယ်ရှိတာကို မသင်္ကာဖွယ်ရာ တွေ့ရှိရကြောင်း သတင်းတွေက ဆိုပါတယ်။

Tesla ပိုင်ရှင် အီလွန်မာ့ခ်က သူ့ကုမ္ပဏီထုတ်ကားနဲ့ ဆက်စပ်တဲ့ ပေါက်ကွဲမှုမျိုးမဟုတ်ဘဲ အလွန်များပြားတဲ့ မီးရှူးမီးပန်း ဒါမှမဟုတ် ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့ မြင်ကွင်းမျိုးသာ ဖြစ်ကြောင်း လူမှုကွန်ရက် X ကနေ အစောပိုင်းမှာ ရေးတင်ပြီး စုံစမ်းသိရှိရတဲ့ သတင်းအချက်အလက်တွေကို ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့ ရေးတင်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ နယူးအော်လန်းပြည်နယ်မှာ နှစ်သစ်ကူးပွဲတော်ဆင်နွှဲရာ လူအုပ်ထဲ ထရပ်စ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ယူဆရတဲ့ လိုက်တိုက်မှုကြောင့် ၁၀‌ ယောက်သေဆုံး၊ အယောက် ၃၀ ကျော် ဒဏ်ရာရတဲ့ ဖြစ်ရပ်အပြီး နာရီပိုင်းအကြာမှာ ထပ်ဖြစ်ပွားတာကြောင့်လည်း အကြမ်းဖက်တိုက်ခိုက်မှု သံသယရှိနေခဲ့တာဖြစ်ပါတယ်။

ကားနဲ့လိုက်တိုက်သူကို ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ကားနောက်ခန်းမှာ ISIS အလံတစ်ခုကိုလည်း တွေ့ရှိခဲ့ရပါသေးတယ်။

Ref:Thesun
MKF-001
#MeKongNews
#ထရမ့်ဟိုတယ်
#ကားဗုံးပေါက်
#ဒဏ်ရာရ
#တက်စလာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now