ကမ္ဘာ့သတင်း

F-16 တစ်စင်း ပစ်ချနိုင်သူကို ဒေါ်လာ ၁၄၅၀၀၀ ဆုကြေးပေးမယ်လို့ ရုရှားသူဌေး မက်လုံးပေး

မဲခေါင် 28 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၈ ယူကရိန်းစစ်ပွဲစကတည်းက ရုရှားစစ်တပ်ကို အဓိက အထောက်အပံ့ပေးနေတဲ့ Fores ကုမ္ပကီ CEO သူဌေးကြီး ဆာဂေးရှမော့တ်ယက်ဗ်က ရုရှားစစ်သားတွေအနေနဲ့ ယူကရိန်း အသုံးပြုလာပြီးဖြစ်တဲ့ အမေရိကန်ထုတ် F-16 ဖိုက်တာဂျက်လေယာဉ်တစ်စင်း စတင်ပစ်ချဖျက်ဆီးနိုင်သူကို ရုရှားရူဘယ်ငွေ ၁၅ သန်း (ဒေါ်လာ ၁၄၅၀၀၀) ဆုကြေး ပေးသွားမယ်လို့ ကတိပေးထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းက အတိအလင်း ဖော်ပြသွားပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်စတင်ချိန်ကတည်းက ယူကရိန်းဟာ စစ်ရေးမှာ ဝေဟင်တိုက်ခိုက်မှု မယှဉ်နိုင်တဲ့ အနေအထားကြောင့် အမေရိကန်နဲ့ အနောက်မဟာမိတ်အင်အားစုတွေဆီက F-16 ဖိုက်တာဂျက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ရေးပိုကျယ်ပြန့်လာမှာစိုးရိမ်ကြပြီး ယူကရိန်းကို အကူအညီမပေးခဲ့ကြပါဘူး။ ဒါပေမဲ့ ၂၀၂၃

မဲခေါင်၊ ဒီဇင်ဘာ ၂၈

ယူကရိန်းစစ်ပွဲစကတည်းက ရုရှားစစ်တပ်ကို အဓိက အထောက်အပံ့ပေးနေတဲ့ Fores ကုမ္ပကီ CEO သူဌေးကြီး ဆာဂေးရှမော့တ်ယက်ဗ်က ရုရှားစစ်သားတွေအနေနဲ့ ယူကရိန်း အသုံးပြုလာပြီးဖြစ်တဲ့ အမေရိကန်ထုတ် F-16 ဖိုက်တာဂျက်လေယာဉ်တစ်စင်း စတင်ပစ်ချဖျက်ဆီးနိုင်သူကို ရုရှားရူဘယ်ငွေ ၁၅ သန်း (ဒေါ်လာ ၁၄၅၀၀၀) ဆုကြေး ပေးသွားမယ်လို့ ကတိပေးထားကြောင်း ရုရှားအစိုးရပိုင် TASS သတင်းက အတိအလင်း ဖော်ပြသွားပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်စတင်ချိန်ကတည်းက ယူကရိန်းဟာ စစ်ရေးမှာ ဝေဟင်တိုက်ခိုက်မှု မယှဉ်နိုင်တဲ့ အနေအထားကြောင့် အမေရိကန်နဲ့ အနောက်မဟာမိတ်အင်အားစုတွေဆီက F-16 ဖိုက်တာဂျက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ရေးပိုကျယ်ပြန့်လာမှာစိုးရိမ်ကြပြီး ယူကရိန်းကို အကူအညီမပေးခဲ့ကြပါဘူး။

ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ရုရှားကို စစ်အောင်နိုင်ခြင်းဆီ မရောက်စေဖို့က အရေးကြီးကြောင်း ပြန်လည် စဉ်းစားသုံးသပ်ကြပြီးနောက် ယူကေဝန်ကြီးချုပ် ရီရှီဆူနက်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါ အနောက် မဟာမိတ်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အဆင့်ထပ်မံမြှင့်တင်ထားတဲ့ အမေရိကန်ထုတ် F-16 တိုက်လေ ယာဉ်တွေ ယူကရိန်းဆီ ပေးဖို့ သဘောတူခဲ့ပြီး လက်ရှိမှာ ယူကရိန်းဆီ F-16 လေယာဉ်တွေ ရောက်ရှိလို့ တိုက်ပွဲ စတင် ဆင်နွှဲနေခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေသစ်များ ပေါင်းစည်းရေး ညှိနှိုင်းမှုကောင်စီ ပူးတွဲ ဥက္ကဌ တာဝန်ပါယူထားတဲ့ ရှမေ့ာတ်ယက်ဗ်ဟာ F-16 တိုက်လေယာဉ်တစ်စီး စတင်ပစ်ချနိုင်ရင် နိုင်ငံအတွက် သူရဲကောင်းတွေအဖြစ် အသက်စွန့် ပေးဆပ်တဲ့သူတွေအဖြစ် မော်ကွန်းတင်ရမှာဖြစ်တာကြောင့် ဒေါ်လာ ၁၄၅၀၀၀ ဆုကြေး ပေးသွားမှာဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အတည်ပြုထုတ်ပြန်သွားခဲ့ပါတယ်။

အရင်ကတည်းက ရှိမော့တ်ယက်ဗ်ဟာ ယူကရိန်းတင့်ကားတစ်စီး ဖျက်ဆီးနိုင်သူကို ဒေါ်လာ ၅၈၀၀၀ ပေးမယ်လို့ ကတိပေးထားသူ ဖြစ်ပြီး ယူကရိန်းစစ်ပွဲကာလအတွင်း ရုရှားတပ်သားတွေအတွက် ရူဘယ်သန်း ၂၃၀ ထောက်ပံ့ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ F-16 လေယာဉ် စတင်ပစ်ချနိုင်ရင် ဆုကြေး ဒေါ်လာ ၁၄၅၀၀၀ ပေးမယ်ဆိုတဲ့ ကတိကို ဇာပေါ်ရစ်ဇီ ဒေသမှာ ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်ကနေ ယူကရိန်းရဲ့ F-16 တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက အတည်မပြုနိုင်တဲ့ သတင်းကနေ ဖော်ပြခဲ့ပြီး နောက်တစ်ရက်မှ ကြေညာတာဖြစ်လို့ ဒီသတင်းမှန်ခဲ့ရင်ဆုကြေး ပေးခဲ့ခြင်းရှိမရှိကိုတော့ မသိရှိရပါဘူး။

တစ်ဆက်တည်းမှာပဲ ယူကရိန်းရဲ့ F-16 လေယာဉ်တွေဟာ စစ်ရေးအခြေအနေကို မဟာဗျူဟာကျကျ ပြောင်းလဲစေပြီး ရုရှား စစ်ရေး နိမ့်ပါးသွားဖို့ ရှိနေတဲ့အတွက် ရုရှားဟာ ယူကရိန်းမှာ ဒီလေယာဉ်တွေ ထားမယ့်နေရာ၊ လေယာဉ်တွေရဲ့ အစွမ်းထက်မှုတွေကို သိရှိနိုင်ဖို့ သူလျှိုတွေ စေလွှတ် စုံစမ်းခိုင်းထားကြောင်းလည်း သိရှိရပါတယ်။

ယူကရိန်းစစ်ထောက်လှမ်းရေး SBU ဟာ ဒီရက်ပိုင်းထဲ F-16 လေယာဉ်တွေနဲ့ပတ်သက်လို့ ရုရှားဘက်က သူလျှို့အဖြစ် စေလွှတ် လိုက်တဲ့ စစ်ပြေး ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ဒီလိုသူလျှိုတွေအဖြစ် ဆုကြေးအရ ရုရှားအတွက် စုံစမ်းပေးမယ့် အတွင်းရန်သူတွေဟာ ပိုပြီး ကြောက်စရာ၊ စိုးရိမ်စရာကောင်းနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: bulgarianmilitary
MKF-001
#MeKongNews
#ရုရှားသူဌေး
#ယူကရိန်း
#တိုက်လေယာဥ်
#ပစ်ချ
#ဆုကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now