မဲခေါင်၊ ဒီဇင်ဘာ ၂၄
ယူကရိန်း စစ်တပ်ဟာ ခါကိဗ်ဒေသ ရှေ့တန်းစစ်မျက်နှာပြင်မှာ ပထမဆုံးအကြိမ်အဖြစ် စက်ရုပ်သီးသန့် ချေမှုန်းရေးတပ်ကို စေလွှတ်တိုက်ခိုက်စေခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။
အန္တရာယ်ရှိတဲ့ စစ်မျက်နှာပြင်မှာ လူသားစစ်သားတွေကို မသုံးတော့ဘဲ အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ပြီး ရန်သူ ဘန်ကာတွေထဲအထိ အနီးကပ် ပစ်ခတ်ချေမှုန်းနိုင်တဲ့ နည်းပညာမြင့် စစက်ရုပ်တပ်တွေချည်း သီးသန့် စေလွှတ်ရာမှာ အံ့မခန်းအစွမ်း ထက်မြက်ခဲ့ကြောင်း Forbes သတင်းက ဖော်ပြသွားပါတယ်။
စက်ရုပ်အမျိုးအစားမျိုးစုံမှာ ၁၂ .၇ မမ စက်သေနတ် တင်ဆင်ပေးထားတဲ့ စက်ရုပ်၊ အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ကင်းထောက်တဲ့ ယာဉ်၊ မိုင်းခင်း ဒရုန်း၊ မြေပြင် အနီးကပ်ခြေမှုန်း စက်သေနတ်တပ် စက်ရုပ်စတဲ့ အမျိုးအစားပေါင်းစုံ ပါဝင်တဲ့ စက်ရုပ် သီးသန့် ချေမှုန်းရေးတပ်ကို စေလွှတ်တိုက်ခိုက်စေတာဖြစ်ကြောင်း ဒီတပ်ကို ကွပ်ကဲရတဲ့ ယူကရိန်း အမှတ် (၁၃) မျိုးစောင့်တပ်မဟာ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုလို စွမ်းရည်မြင့် စက်ရုပ် စစ်သည်တွေကို ယူကရိန်း အသုံးပြုတာ ပထမဆုံးအကြိမ် မဟုတ်ဘဲ လက်နက်တပ်ဆင်ထားတဲ့ ခွေးစက်ရုပ်နဲ့ ဒီဇင်ဘာ လဆန်းပိုင်းက ခရိုင်းမီးယား တံတားအနီး ရုရှားစစ်ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကို ပင်လယ်ထဲကနေ ထိန်းချုပ်ခိုင်းစေနိုင်စွမ်းရှိတဲ့ ရေတပ်ဒရုန်းကိုလည်း အသုံးပြုခဲ့ပါသေးတယ်။
(Sea Baby) ရေတပ်ဒရုန်းဟာ ခရိုင်းမီးယားတံတားနားက ရုရှားရေတပ်အစောင့် သင်္ဘော၊ ရဟတ်ယာဉ်တွေကို စက်သေနတ်၊ လောင်ချာတွေနဲ့ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုလည်း ယူကရိန်းဘက်က ကမ္ဘာသိ ထုတ်ဖော်ပြသခဲ့ပါသေးတယ်။
Ref:Thesun
MKF-001
#MeKongNews
#စက်ရုပ်
#ယူကရိန်း
#ရုရှား
#တိုက်ခိုက်
#ခါကိဗ်ဒေသ








