မဲခေါင်၊ ဒီဇင်ဘာ ၁၄
တောင်ကိုရီးယားလွှတ်တော်မှာ သမ္မတ ယွန်းဆက်ယိုးရဲ့ ဒီမိုကရေစီ ခြိမ်းခြောက်မှုအဖြစ် ၆ နာရီကြာ မာရှယ်လော ထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်လို့ သမ္မတအပေါ် မလျှော်ကန်တဲ့ လုပ်ရပ် အဖြစ် အရေးယူနိုင်ဖို့ မဲပေးရာမှာ လုံလောက်တဲ့ မဲအရေအတွက်ရရှိသွားလို့ ယွန်းဆက်ယိုးကို သမ္မတ တာဝန်က ဆိုင်းငံဖယ်ရှားလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ပထမတစ်ကြိမ် မဲပေးမှုမှာ ယွန်းဆက်ယိုးရဲ့ ပါတီက ကန့်ကွက်လို့ လိုအပ်တဲ့ မဲ ၃ ပုံ ၂ ပုံ ပြည့်လုနီးသာရခဲ့လို့ အထမမြောက်ခဲ့တဲ့အတွက် ဒီကနေ့မှာ ထပ်မံ မဲပေးဆုံးဖြတ်ရာမှာတော့ ယွန်းဆက်ယိုးရဲ့ ပါတီက အမတ်တချို့ ကိုယ်တိုင်က ထောက်ခံမဲပေးလို့ ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲနဲ့ အောင်မြင်သွားတာကြောင့် ၁၁ ရက် ကြာ နိုင်ငံရေးအုံကြွမှု အဆုံးသတ်ခဲ့သလို သမ္မတရာထူးတာဝန်ကို ဝန်ကြီးချုပ် ဟန်ဒက်ဆိုးက ယာယီတာဝန် လွှဲပြောင်းရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒီအရေးယူမှု ရက် ၁၈၀ ပြည့်တာနဲ့ တောင်ကိုရီးယားမှာ သမ္မတသစ်ကို ရွေးကောက်ပွဲ ထပ်မံကျင်းပရွေးချယ် သွားမှာဖြစ်ပြီး လွှတ်တော်ရှေ့မှာ သမ္မတကို ရာထူးက ထုတ်ပယ်ဖို့ ဆန္ဒပြတောင်းဆိုနေသူတွေအကြား ကျေနပ် အားရအောင်ပွဲခံပြီး တချို့က အစားအသောက်၊ ကော်ဖီတွေ ဝယ်တိုက်အောင်ပွဲခံမှုတွေလည်း လုပ်ဆောင်နေခဲ့ ကြပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့က သမ္မတ ယွန်းဆက်ယိုးဟာ သူ့အဆိုတွေကို အတိုက်အခံပါတီ အမတ်တွေက အမြဲ ကန့်ကွက်နေလို့ မြောက်ကိုရီးယား လက်ပါးစေတွေရန်က လွတ်အောင် နိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေး ဥပဒေပြဌာန်းကြောင်း ကြေညာလိုက်တဲ့အတွက် လွှတ်တော်ထဲ စစ်သားတွေဟာ အတင်းအကြမ်း ဝင်လာခဲ့ ကြပြီး ရဟတ်ယာဉ်တွေပါ အသုံးပြုလို့ အာဏာသိမ်းဖို့ ကြံခဲ့ကြပါတယ်။
ဒါကို လွှတ်တော်အမတ်တွေနဲ့ လုံခြုံ ရေးတွေက ကာကွယ်ပြီး မာရှယ်လောဥပဒေဖျက်သိမ်းဖို့ အချိန်မီ လုပ်ဆောင်နိုင်ခဲ့လို့ ဒီမိုကရေစီနိုင်ငံအဖြစ် ကနေ စစ်အာဏာရှင်နိုင်ငံဘ၀ ပြန်မရောက်သွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ တောင်ကိုရီးယား အထူးရဲတပ်ဖွဲ့ ဟာ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဌာနက အကြီးအကဲတွေကို အာဏာသိမ်းဖို့ စီစဉ်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။
Ref: latimes
MKF-001
#MeKongNews
#ယွန်းဆက်ရော်
#အာဏာသိမ်း
#သမ္မတ








