မဲခေါင်၊ ဒီဇင်ဘာ ၁၀
ဆီးရီးယားမှာ အာဏာရှင်အာဆတ်ကို အစ္စလာမ္မစ်တော်လှန်ရေးမဟာမိတ်တပ်တွေက တော်လှန်ဖြုတ်ချနိုင်ခဲ့ပြီးနောက် အာဆက်ကျန်နေရစ်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သော ဓာတုအဆိပ်လက်နက်တွေကို ISIS လက်ထဲ ရောက်ရှိသွားမှာ ကမ္ဘာက စိုးရိမ်နေရပြန်ပြီဖြစ်ပါတယ်။
ဘာရှာအယ်လ်အာဆတ်ဟာ သူ့လက်ထက် ဆန့်ကျင်တဲ့ ပြည်သူပေါင်းများစွာကို ဓာတုလက်နက်တွေနဲ့ သတ်ဖြတ်နှိမ်နင်းခဲ့လို့ ကမ္ဘာက ဝိုင်းဝန်း ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်က ဒီလက်နက်မျိုးတွေ ဆက်မသုံးဖို့ သဘောတူညီပေးခဲ့ပြီး ဓာတုလက်နက် အစုလိုက်အပြုံလိုက်ကို စုပြုံ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနစ်က ဒမက်စကက်မြို့အနီးမှာ ဒီလိုလက်နက်တွေနဲ့ အာဆတ်တပ်ဖွဲ့ တိုက်ခိုက်ခဲ့လို့ ပြည်သူ ရာနဲ့ချီသေဆုံးခဲ့သလို အဲဒီနှစ်မှာပဲ အတိုက်အခံတွေ ဂူတာဒေသကို သိမ်းပိုက်တော့လည်း ဓာတု ဗုံးတွေ နဲ့တိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၅၀၀ ကျော်သေဆုံးခဲ့ရတဲ့အတွက် ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ (OPCW) က များစွာ စိုးရိမ်ရကြောင်းနဲ့ အာဆတ်မှာ ဓာတုအဆိပ်လက်နက် မြောက်များစွာ စုပုံပိုင်ဆိုင်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဆတ်က ဒီစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပေမယ့် အသုံးမပြုတော့ဖို့ ကတိပြုခဲ့ပြီး အခု တစ်ဖန် အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့ ISIS ဟာ မဟာမိတ်ဖြစ်နိုင်တဲ့ ဆီးရီးယားအောင်ပွဲခံ အစ္စလာမ္မစ်တပ်ဖွဲ့တွေဆီကနေ ဒီဓာတုအဆိပ်လက်နက်တွေ ရယူပြီး ကမ္ဘာကို အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဟောင်း ဘရက်တန်ဂေါ်ဒွန်က ပြောကြားသွားခဲ့ပါတယ်။
ဒီရက်ပိုင်းထဲ ဂူတာဒေသက တိုက်ပွဲမှာ ဓာတုအဆိပ်လက်နက်တွေကို တော်လှန်သူပုန်တပ်ဖွဲ့က အသုံးပြုခဲ့တဲ့ မှတ်တမ်းတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဆီးရီးယားနိုင်ငံထဲက ဒီလိုလက်နက်တွေ သိုလှောင်ထားရှိနိုင်မယ့် စစ်အခြေစိုက်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ဓာတုလက်နက်
#ISIS
#အာဏာရှင်
#အာဆတ်
#ဆီးရီးယား
#စိုးရိမ်








