မဲခေါင်၊ ဒီဇင်ဘာ ၇
ဒီဇင်ဘာ ၃ ရက်နေ့က အံ့အားသင့်ဖွယ်ရာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်မိခဲ့ခြင်းအတွက် တောင်ကိုရီးယား သမ္မတ ယွန်းဆက်ယိုဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ တစ်တိုင်းပြည်လုံးကို လူသိရှင်ကြား တောင်းပန်စကား ပြောကြားသွားခဲ့ပေမယ့် ရာထူးက နှုတ်ထွက်ပေးဖို့ကိုတော့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
ဆယ်စုနှစ်ပေါင်း ၄ ခုအတွင်း ပထမဆုံးအကြိမ်တောင်ကိုရီးယားမှာ မာရှယ်လော ထုတ်ပြန်ခဲ့တာဖြစ်ပြီး လွှတ်တော်ထဲကို စစ်သားတွေဟာ ရဟတ်ယာဉ်တွေနဲ့ပါ အတင်းဝင်ရောက်လာကြရာက ကသောင်းကနင်း ဖြစ်ပြီး နာရီအနည်းငယ်အကြာမှာ မာရှယ်လော အမိန့်ကို ပြန်လည် ပယ်ဖျက်ခဲ့လို့ ဒီလုပ်ရပ်အပေါ် ကမ္ဘာ့ နိုင်ငံအသီးသီးကပါ စိတ်ပျက်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၇ ရက်မှာ လွှတ်တော် ညီလာခံခေါပြီး ယွန်းဆက်ယိုရဲ့ လုပ်ရပ်အတွက် စွဲချက်တင် ရာထူးဖြုတ်ချရေး မဲပေးဖို့ လွှတ်တော်အမတ်တွေ ဆွေးနွေးနေကြချိန် လွှတ်တော် အပြင်ဖက်မှာလည်း သမ္မတကို ရာထူးကဖယ်ရှားဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေလည်း အများအပြား ရှိနေခဲ့ပါတယ်။
ဒီအခြေအနေမှာ ယွန်းဆက်ယိုက ပြည်သူတွေ အထိတ်တလန့်ဖြစ်စေခဲ့ရတဲ့ မာရှယ်လော ကြေညာလိုက်မိခြင်းဟာ သမ္မတအဖြစ် စိတ်ပျက်အားငယ်ခြင်းကနေ ကြေညာမိခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လှုပ်ခတ်မှုတွေ ရှိလာခဲ့ရလို့ ပြည်သူတစ်ရပ်လုံးကို တောင်းပန်ပါကြောင်း၊ နောက်နောင်လည်း ဒီလို မာရှယ်လော အမိန့်ထုတ်ပြန်တော့မှာ မဟုတ်ကြောင်း အလေးအနက်ထား တောင်းပန်ပါကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။
ယွန်းဆက်ယိုရဲ့ ပါတီကပါ ထုတ်ပယ်ဖို့ ဆွေးနွေးနေကြချိန် သမ္မတရာထူးက နှုတ်ထွက်ပေးဖို့ကိုတော့ ငြင်းဆန်ကြောင်းပါ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
Ref: thepeninsulaqatar
MKF-001
#MeKongNews
#သမ္မတ
#ယွန်းဆက်ယို
#စစ်အုပ်ချုပ်ရေး
#တောင်ကိုရီးယား
#နှုတ်ထွက်
#တောင်းပန်
#လွှတ်တော်








