မဲခေါင်၊ ဒီဇင်ဘာ ၃
တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးက တောင်ကိုရီးယားနိုင်ငံကို အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာကြောင်း တီဗီချန်နယ်တစ်ခုကနေ ဒီဇင်ဘာလ ၃ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားကို ထောက်ခံတဲ့ အတိုက်အခံပါတီက လွှတ်တော်ကို ထိန်းချုပ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာဖြစ်ပြီး သမ္မတက မြောက်ကိုရီးယားကိုအားပေးတဲ့ အုပ်စုကို အမြစ်ဖြတ်ကြ၊ နိုင်ငံရဲ့အခြေခံဥပဒေဒီမိုကရေစီကို ကာကွယ်ကြဆိုပြီး ကြွေးကြော်သွားပါတယ်။
အတိုက်အခံပါတီဖြစ်တဲ့ တောင်ကိုရီးယားဒီမိုကရက်တစ်ပါတီကတော့ သူ့ရဲ့အမတ်တွေကို အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး သမ္မတယွန်းရဲ့လုပ်ရပ်ဟာ စွပ်စွဲပြစ်တင်မှုသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတရဲ့ အရေးပေါ်ကြေညာချက်ဟာ နိုင်ငံအုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဘယ်လို သက်ရောက်မှုရှိမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ နိုင်ငံတကာမီဒီယာတွေက ဆိုပါတယ်။
လက်ရှိသမ္မတယွန်းရဲ့ ပြည်သူ့အာဏာပါတီဟာ အတိုက်အခံဒီမိုကရက်တစ်ပါတီနဲ့ လာမယ့် ဘဏ္ဍာနှစ်ဘတ်ဂျက် ဥပဒေအတွက် ပွတ်တိုက်မှုတွေဖြစ်နေတာဖြစ်ပါတယ်။
#MeKongNews
#တောင်ကိုရီးယား
#စစ်အုပ်ချုပ်ရေး








