မြောက်ကိုရီးယားခေါင်းဆောင်အပေါ် သစ္စာခံတဲ့ပွဲ ကင်ဂျုံအန်းမွေးနေ့မှာ ကျင်းပမယ်
မဲခေါင်၊ နိုဝင်ဘာ ၂၇
မြောက်ကိုရီးယားလက်ရှိ ခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်ဟာ အရင်နှစ်တွေက နှစ်သစ်တိုင်းရဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံခေါင်းဆောင်အပေါ် သစ္စာခံပွဲ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာ သူ့ဩဇာအထွတ်အထိပ်မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ သစ္စာခံပွဲ ပြောင်းလဲကျင်းပဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကင်ဂျုံအန်ရဲ့ ဖခင် ကင်ဂျုံအီလက်ထက်က သစ္စာခံပွဲကို သူ့မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကျင်းပလေ့ရှိ ပြီး မြောက်ကိုရီးယားနိုင်ငံထူထောင်သူ ကင်အီဆန်းလက်ထက်ကလည်း သူ့မွေးနေ့ ဧပြီ ၁၅ ရက်နေ့မှာ သစ္စာခံပွဲ ကျင်းပလေ့ရှိခြင်းကို အတုယူပြီး လာမယ့် ၂၀၂၅ ဇန်နဝါရီ ၈ ရက်ကစလို့ သစ္စာခံပွဲကို ကင်ဂျုံအန်မွေးနေ့နဲ့ တိုက် လို့ အလုပ်သမားပါတီ ညီလာခံအခမ်းအနားနဲ့အတူ ကျင်းပသွားတော့မှာဖြစ်တယ်လို့ တောင်ကိုရီးယားပေါင်း စည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သွားတာဖြစ်ပါတယ်။
ဒါဟာ ကင်ဂျုံအန်ရဲ့ အာဏာရှင်အဖြစ် သက်ဆိုးရှည်ရေးကို ဦးတည်ပြီး နိုင်ငံသားတွေကိုပိုမို ကြောက်ရွံ့စေဖို့ ဘုန်းတန်ခိုးအတင်းမြှင့်တင်ခြင်းဖြစ်ကြောင်းသုံးသပ်နေကြသလို ပြက္ခဒိန်နှစ်ကိုပါ သူ့အယူအဆနဲ့သူ ပြောင်လဲ ပြင်ဆင်ထုတ်ဝေသွားတော့မယ်လို့ သိရှိရပါတယ်။
Ref: koreajoongangdaily
MKF-001
#MeKongNews









