ကမ္ဘာ့သတင်း

တတိယကမ္ဘာစစ်အတွက် စစ်ရေးဗျူဟာ ဂျာမဏီ ကြိုတင်ချမှတ်ထား

မဲခေါင် 20 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၀ အမေရိကန်က သူတို့ပေးထားတဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကို ရုရှားနိုင်ငံထဲ ပစ်ခတ်ခွင့် ပြုပြီးဖြစ်သလို ပစ်ခတ်မှုလည်း စတင်လုပ်ဆောင်ခဲ့တာကြောင့် ယူကရိန်းနဲ့ ရုရှားစစ်ပွဲ အတင်းမာဆုံးအခြေ အနေရောက်လာချိန် ဂျာမနီဟာလည်း တတိယကမ္ဘာစစ်ပွဲကြီးအတွက် မဟာဗျူဟာကျ လျှို့ဝှက် စစ်ရေး ဗျူဟာတွေကို စာမျက်နှာ ၁၀၀၀ ပါ ရေးဆွဲပြင်ဆင်ထားပြီးဖြစ်ကြောင်း ဂျာမန်ထိပ်တန်းလျှို့ဝှက် စာဆောင် Frankfurter Allgemeine က ဖော်ထုတ်ရေးသားသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်၊ ဖင်လန်၊ နော်ဝေနိုင်ငံတွေဟာ ရုရှားကြောင့် ကမ္ဘာစစ်ကြီးဖြစ်လာခဲ့ရင် ပြည်သူတွေ ဘယ်လိုရှင်သန်လွတ်မြောက်အောင် နေထိုင်ရမလဲ ဆိုတဲ့ လမ်းညွှန်ချက် လက်ကမ်းစာဆောင်တွေ၊ အွန်လိုင်းအသိပေးမှုတွေကို

မဲခေါင်၊ နိုဝင်ဘာ ၂၀

အမေရိကန်က သူတို့ပေးထားတဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းကို ရုရှားနိုင်ငံထဲ ပစ်ခတ်ခွင့် ပြုပြီးဖြစ်သလို ပစ်ခတ်မှုလည်း စတင်လုပ်ဆောင်ခဲ့တာကြောင့် ယူကရိန်းနဲ့ ရုရှားစစ်ပွဲ အတင်းမာဆုံးအခြေ အနေရောက်လာချိန် ဂျာမနီဟာလည်း တတိယကမ္ဘာစစ်ပွဲကြီးအတွက် မဟာဗျူဟာကျ လျှို့ဝှက် စစ်ရေး ဗျူဟာတွေကို စာမျက်နှာ ၁၀၀၀ ပါ ရေးဆွဲပြင်ဆင်ထားပြီးဖြစ်ကြောင်း ဂျာမန်ထိပ်တန်းလျှို့ဝှက် စာဆောင် Frankfurter Allgemeine က ဖော်ထုတ်ရေးသားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နော်ဒစ်နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်၊ ဖင်လန်၊ နော်ဝေနိုင်ငံတွေဟာ ရုရှားကြောင့် ကမ္ဘာစစ်ကြီးဖြစ်လာခဲ့ရင် ပြည်သူတွေ ဘယ်လိုရှင်သန်လွတ်မြောက်အောင် နေထိုင်ရမလဲ ဆိုတဲ့ လမ်းညွှန်ချက် လက်ကမ်းစာဆောင်တွေ၊ အွန်လိုင်းအသိပေးမှုတွေကို တစ်တိုင်းပြည်လုံးအနှံ့ ပေးပြီး အသိပေးခဲ့ပါတယ်။

ဂျာမနီဟာလည်း သူတို့နိုင်ငံနဲ့ နေတိုးအဖွဲ့ဝင်နယ်မြေတွေမှာ စစ်ဖြစ်လာခဲ့ရင် တိုက်ခိုက်ရမယ့် နေတိုး စစ်သည် ၈ သိန်းနဲ့ ရွှေ့လျှားစခန်းချရမယ့် ယာဉ်အစီးပေါင်း ၂ သိန်းကို ဘယ်လိုဗျူဟာချ ခင်းကျင်မလဲ၊ အရေးပါတဲ့ အဆောက်အအုံတွေမှာ ချထားရမယ့် ကာကွယ်ရေးစစ်သည်တွေရဲ့ လုပ်ငန်းဆောင်တာ၊ ယာဉ်အစီးပေါင်း ၂ သိန်း ကို မောင်းနှင်ရွှေ့လျှားစေမယ့် ယာဉ်မောင်းတွေကို ဘယ်လို စုဆောင်းလမ်းညွှန်မလဲ၊ စစ်ပွဲကြောင့် နိုင်ငံရဲ့ စီးပွား ရေး၊ စွမ်းအင်ကဏ္ဍ၊ မရှိမဖြစ်စားသောက်ကုန်စည်ကဏ္ဍတွေကိုပါ ထည့်သွင်းတိုင်ပင်တွက်ချက်ပြီး ပြင်ဆင်ထား မှုဟာ စာမျက်နှာ ၁၀၀၀ အထိ ရှိနှင့်နေပြီးဖြစ်တယ်လို့ Frankfurter Allgemeine ကရေးသားဖော်ပြသွားခဲ့ပါ တယ်။

ဒီ ဗျူဟာကို Operation Deutschland လို့နာမည်ပေးထားပြီး ပြီးခဲ့တဲ့ တစ်နှစ်လုံး ဂျာမနီကာကွယ်ရေးဝန် ကြီးဌာန၊ စီးပွားရေးပညာရှင်၊ စစ်ရေးပညာရှင်တွေအားလုံး အကြိမ်ကြိမ် တိုင်ပင်ပြီး လမ်းညွှန်ရေးဆွဲနေခဲ့ ကြတာဖြစ်ပါတယ်။

ပထမဆုံးအစည်းအဝေးကို ဟမ်းဘတ်ကုန်သည်ကြီးများအသင်းအစည်းအဝေးပွဲမှာ စတင် နှီးနှောတိုင်ပင် အကြံဉာဏ်ရယူပြီး စတင်ခဲ့ရာမှာ စစ်ပွဲကာလအတွင်း လုံလောက်တဲ့ ဒီဇယ်ဂျန်နရေတာတွေ၊ လေတာဘိုင်တွေကနေ စွမ်းအင်ထုတ်လုပ်သုံးစွဲနိုင်ရေး လုံလောက်တဲ့ ပြင်ဆင်မှုလုပ်ဖို့ ကုမ္ပဏီပေါင်းများစွာရဲ့ ဒါရိုက်တာအဆင့် စီးပွားရေးပညာရှင်တွေက တိုင်ပင်ရေးဆွဲခဲ့ကြပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲ ရက် ၁၀၀၀ ပြည့်နေ့မှာ ယူကရိန်းဟာ ရုရှားမြေထဲ စစ်ပွဲကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် အမေရိကန်နဲ့နေတိုးမဟာမိတ်တွေ ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရုရှားသမ္မတပူတင်ကလည်း ချက်ချင်း နျူကလီးယားလက်နက်အသုံးပြုရေး မူဝါဒဟောင်းကို ဖျက်သိမ်းလို့ ပစ်ခတ်ခွင့်ပြုတဲ့ လက်မှတ်ရေးထိုးပြီးနောက် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ရေးဟာ အရမ်းနီးစပ်သွားခဲ့ပြီဖြစ်လို့ နိုင်ငံတိုင်း အစွမ်းကုန် ပြင်ဆင်နေကြပါတယ်။

ဆွီဒင်နဲ့ဖင်လန်ဟာ ယူကရိန်းလို ရုရှားရဲ့ ကျူးကျော်ခံရမှာ စိုးလို့ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးစားနေမှုကို လက်လျှော့သွားခဲ့ပေမယ့် စစ်မီး မလွတ်နိုင်လို့ ပြည်သူအားလုံးထဲ စစ်ပွဲ ကြုံရင် ရှင်သန်ခွင့်ရရေး လမ်းညွှန်ချက်တွေ ဝေငှ အသိပေးနေကြရတာဖြစ်ပါတယ်။

Ref:Thesun
MKF-001
#ရုရှား
#ယူကရိန်း
#ကမ္ဘာစစ်
#ပူတင်
#ဘိုင်ဒန်
#ဂျာမဏီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now