မဲခေါင်၊ နိုဝင်ဘာ ၁၉
ရုရှားနယ်စပ်နဲ့ မိုင် ၇၀ အကွာ၊ ဖင်လန်နိုင်ငံမြောက်ပိုင်း လက်ပ်လန်းမှာ ကျင်းပနေတဲ့ နေတိုးမဟာမိတ် တပ်တွေ ရဲ့ အကြီးစား စစ်ရေးပူးပေါင်းလေ့ကျင့်မှုမှာ ဗြိတိန်တပ်ဖွဲ့ဝင်တွေဟာ နောက်ဆုံး ထုတ် ၃၃ တန် အလေးချိန်ရှိတဲ့ ၁၅၅ မမ K9 ဟောင်ဝစ်ဇာ လက်နက်ကြီး စတင်ပစ်ခတ် လေ့ကျင့်ခဲ့ပါတယ်။
NATO Exercise Dynamic Front လို့နာမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုမှာ ဗြိတိန်တော်ဝင်လက်နက်ကြီး တပ်မ ၁၉ က Archer Artillery System အသုံးပြုတီထွင်ထားတဲ့ အဆင့်မြင့်လက်နက်ဆန်း ၁၄ မျိုးကို စမ်းသပ် ပစ်ခတ်ခဲ့တာဖြစ်ပြီး K9 ဟောင်ဝစ်ဇာလက်နက်ဟာ ၃၁ မိုင်အကွာအဝေး အထိ ပစ်မှတ်တိကျအောင် ပစ်ခတ် နိုင်သလို ရွှေ့လျား ရန်သူ သံချပ်ကာကားတွေကိုပါ တစ်ချက်တည်းမှာ ၂၁ ချက် တစ်ပြိုင်တည်း ထိမှန်အောင် ထိန်းချုပ် ပစ်ခတ်နိုင်စွမ်းရှိစေဖို့ တီထွင်ထားတာဖြစ်ပါတယ်။
တပ်မှူး နီးလ်ဟက်က ဒီလက်နက်သစ်ကို အမြောက်အများ ထုတ်လုပ်ထားရှိပြီးဖြစ်ကြောင်းနဲ့ လက်နက်တင် ဆောင်ယဉ်တွေဟာလည်း တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ နေရာရွှေ့ပြောင်းနေရာယူနိုင်ကြောင်း၊ ဘယ်ရန်သူ့ လက်နက် ကြီးမျိုးထက်မဆို ပိုမို အစွမ်းထက်ပြီး အကွာအဝေး ပိုဝေးအောင် ပစ်ခတ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါ တယ်။
ဗြိတိန်ဟာ နှစ်ပေါင်း ၃၀ ကြာအသုံးပြုခဲ့တဲ့ AS-90 ဟောင်ဝစ်ဇာ လက်နက်တွေကို မနှစ်ကတည်းက ယူကရိန်း ဆီ လှူဒါန်းပေးအပ်ခဲ့ပြီး ဒီနေရာမှာ The Archers လို့လည်းခေါ်တဲ့ K9 ဟောင်ဝစ်ဇာ လက်နက်သစ်ကို အခုမှ စတင်စမ်းသပ်ပစ်ခတ် လေ့ကျင်ခဲ့တာဖြစ်ပါတယ်။
အရင် AS -90 ဟောင်ဝစ်ဇာလက်နက်ဟာ ၁၅ မိုင်အကွာ အဝေးကိုသာ ပစ်ခတ်နိုင်ပြီး အခု The Archers ဟောင်ဝစ်ဇာကတော့ နှစ်ဆ ပိုဝေးအောင် ပစ်ခတ်နိုင်သလို အဓိကအားဖြင့် သံချပ်ကာနဲ့တင့်ကားတွေကို ထိုးဖောက် ဖျက်ဆီးနိုင်စေဖို့ တီထွင်ထားတာဖြစ်ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ဟောင်ဝစ်ဇာ
#ဗြိတိန်
#လက်နက်
#အမြောက်
#စမ်းသပ်








