မဲခေါင်၊ နိုဝင်ဘာ ၁၉
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ညီမဖြစ်သူ ယင်းလတ် လာမယ့် ဆုန်ခရမ်သင်္ကြန်အမီ ဧပြီလထဲ ပြည်တော်ပြန်လာမယ်လို့ မျှော်လင့်ကြောင်း အူထုံဌာနီ ခရီးစဉ် အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။
ယင်းလတ် ဝန်ကြီးချုပ်ဖြစ်စဉ်ကာလက စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၁၇ စက်တင်ဘာ ၂၇ ရက်နေ့မှာ အစိုးရမှသည် အစိုးရဆီ ဆန်တင်ပို့ရောင်းချမှုမှာ အတုအယောင်ကတိတွေနဲ့ လာဘ်စားမှုတွေ ပြုလုပ်ခဲ့တယ်ဆို ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
တရားစွဲဆိုမှုမှာ တက်ရောက်ဖို့ ပျက်ကွက်တယ်ဆိုပြီး ဖမ်း၀ရမ်းထုတ်ချိန် ယင်းလတ်ဟာ အစ်ကိုဖြစ်တဲ့ သက်ဆင်ရှိရာ ဒူဘိုင်းကို ရောက်ရှိနေခဲ့ပြီး ၇ နှစ်ကြာ ထိုင်းနိုင်ငံကို ပြန်မလာနိုင်ဘဲ ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။
မနှစ်က ဒီဇင်ဘာလထဲမှာတော့ ဒီစွဲချက်ကနေ တရားသေ လွှတ်ပေးခဲ့ပြီးဖြစ်တဲ့အပြင် နောက်တစ်မှုဖြစ်တဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဘတ် ၂ ထရီလီယံတန် စီမံကိန်း အလွဲသုံးစားမှုကိုလည်း ပြီးခဲ့တဲ့လက ထိုင်း တရားရုံးချုပ်ကနေ ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါကြောင့် အူထုံဌာနီ ခရီးစဉ်မှာ မွေးရပ်မြို့ ချင်းမိုင်ကို သင်္ကြန်အမီ ယင်းလတ်ပြန်လာဖို့အရေး ဘာအတားအဆီးမှ မရှိနိုင်ဘူးလို့ သက်ဆင်က သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာကြောင့် ဧပြီလထဲ ယင်းလတ် ထိုင်းနိုင်ငံကို ပြည်တော်ပြန်ဝင်လာဖို့ရှိနေကြောင်း ဂျပန် Nikkei Asia မီဒီယာက ဖော်ပြသွားတာ ဖြစ်ပါတယ်။
Ref: Nikkei Asia
MKF-001
#MeKongNews
#ယင်းလတ်
#သက်ဆင်
#ပြည်ပြေး
#ဆုန်ကရမ်








