ကမ္ဘာ့သတင်း

ရုရှားနိုင်ငံထဲ တာဝေးပစ်ဒုံးတွေ ပစ်ခွင့် ယူကရိန်းကို ဂျိုးဘိုင်ဒန် ခွင့်ပြုဖွယ်ရှိ

မဲခေါင် 13 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၁၂ ဗြိတိန်ဝန်ကြီးချုပ် ကိုင်ရာစတာမာနဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ဟာ ယူကရိန်းကို အနောက်မဟာမိတ်အဖြစ် ထောက်ပံ့ပေးပို့ထားတဲ့ Storm Shadow တာဝေးပစ်ဒုံးကျည်တွေကို ရုရှားနိုင်ငံထဲ ယူကရိန်းဘက်က ပစ်ခတ် ခွင့်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ခွင့်ပြုချက်ပေးရေး နိုဝင်ဘာ ၁၁ ရက်နေ့က ဆွေးနွေးခဲ့အပြီး ဂျိုးဘိုင်ဒန်ဘက်က ခွင့်ပြုပေးဖွယ်ရှိနေတယ်လို့ Telegraph သတင်းက ဖော်ပြသွားပါတယ်။ စစ်မီးပိုမိုကျယ်ပြန့်လာမှာ စိုးရိမ်လို့ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို မပစ်ခတ်ဖို့ တားမြစ်ထားဆဲဖြစ်ပြီး ပစ်ခွင့်ပေးထားတယ် ဆိုတဲ့သတင်းတွေကလည်း အတည်မပြုနိင်တဲ့ ကောလာဟလသတင်းတွေသာ ဖြစ်ခဲ့ပါတယ်။ ရုရှားဘက်က ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်နိုင်မှု အရှိန် မြင့်တက်လာသလို မကြာသေးခင်က Yars နျူကလီးယားဒုံးကျည်ပါ

မဲခေါင်၊ နိုဝင်ဘာ ၁၂

ဗြိတိန်ဝန်ကြီးချုပ် ကိုင်ရာစတာမာနဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ဟာ ယူကရိန်းကို အနောက်မဟာမိတ်အဖြစ် ထောက်ပံ့ပေးပို့ထားတဲ့ Storm Shadow တာဝေးပစ်ဒုံးကျည်တွေကို ရုရှားနိုင်ငံထဲ ယူကရိန်းဘက်က ပစ်ခတ် ခွင့်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ခွင့်ပြုချက်ပေးရေး နိုဝင်ဘာ ၁၁ ရက်နေ့က ဆွေးနွေးခဲ့အပြီး ဂျိုးဘိုင်ဒန်ဘက်က ခွင့်ပြုပေးဖွယ်ရှိနေတယ်လို့ Telegraph သတင်းက ဖော်ပြသွားပါတယ်။

စစ်မီးပိုမိုကျယ်ပြန့်လာမှာ စိုးရိမ်လို့ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းကို ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးကျည်တွေကို မပစ်ခတ်ဖို့ တားမြစ်ထားဆဲဖြစ်ပြီး ပစ်ခွင့်ပေးထားတယ် ဆိုတဲ့သတင်းတွေကလည်း အတည်မပြုနိင်တဲ့ ကောလာဟလသတင်းတွေသာ ဖြစ်ခဲ့ပါတယ်။

ရုရှားဘက်က ယူကရိန်းနယ်မြေတွေကို သိမ်းပိုက်နိုင်မှု အရှိန် မြင့်တက်လာသလို မကြာသေးခင်က Yars နျူကလီးယားဒုံးကျည်ပါ စမ်းသပ်ပစ်ဖောက်မှုလုပ်ခဲ့ပြီး ဒုံးကျည်၊ လက်နက်ကြီးကျည်များစွာကို စစ်ရေးအောင်နိုင်ဖို့ အစုလိုက်အပြုံလိုက် ရှေ့တန်းကို ပို့ဆောင်သိုလှောင်ထား ပြီးဖြစ်ပါတယ်။

ဒါကြောင့် ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားထိုးစစ်ကို ဟန့်တားနိုင်ရေး ရုရှားနိုင်ငံ ကက်ရှ်ဒေသထဲ ဝင်ရောက် သိမ်းပိုက်ထားတဲ့အထိ ထိုးစစ်ပြန်ဆင်နိုင်ခဲ့ပေမယ့် လပေါင်းများစွာ ရုရှားနိုင်ငံအတွင်းပိုင်းထဲ အထိ တာဝေးပစ်ဒုံးကျည်တွေ ပစ်ခွင့်ကို အမေရိကန်က ခွင့်မပြုသေးပါဘူး။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ်တက်ရောက်လာမယ့် ဒေါ်နယ်ထရမ့်ဟာ ရုရှား – ယူကရိန်းစစ်ပြေငြိမ်းရေး အဆိုကို ခုကတည်းက အကြောင်းကြားတင်ပြမှုမှာ ယူကရိန်းအနေနဲ့ သိမ်းပိုက်ခံ ခရိုင်းမီးယားကို ပြန်ရဖို့ လက်လျှော့လိုက်ဖို့၊ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် နောက် နှစ် ၂၀ အတွင်း ဝင်ရောက်မှာ မဟုတ်ဘူးလို့ လက်ခံသဘောတူမှုတွေ လိုက်လျှောပေးရင် လက်ရှိစစ်မှာ စစ်မဲ့ဇုန်သတ်မှတ်ပြီး စစ်ပွဲရပ်တန့် ရေး တင်ပြထားကြောင်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။

ဒီအခြေအနေမှာ ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် နောက်ဆုံးတာဝန်ယူတဲ့ ရက်စွဲတွေအတွင်း ယူကရိန်းကို ရုရှား နိုင်ငံအတွင်းထဲ ပစ်ခတ်နိုင်မယ့် တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးမယ်လို့ ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင် နှစ်ယောက်က မျှော်လင့်ထားကြောင်း Telegraph က ဖော်ပြသွားတာဖြစ်ပါတယ်။

Storm Shadow ဒုံးကျည် တွေဟာ ဗြိတိန်နဲ့ ပြင်သစ်ထုတ်လုပ်တာမှန်ပေမယ့် အမေရိကန်နည်းပညာ အသုံးပြုထုတ်လုပ်ထားလို့ ဂျိုးဘိုင်ဒန်ရဲ့ ခွင့်ပြုချက်ရမှ ယူကရိန်းက ပစ်ခွင့်ရနိုင်မှာလည်း ဖြစ်ပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#ရုရှား
#ယူကရိန်း
#ဘိုင်ဒန်
#ပစ်ခွင့်
#တာဝေးပစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now