မဲခေါင်၊ နိုဝင်ဘာ ၁၂
၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတရာထူး ရယူထားချိန် အိမ်ဖြူတော် စီနီယာ အကြံပေးလုပ်ခဲ့သလို ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒတင်းကျပ်ဖြိုခွင်းမှုမှာ အဓိကကျခဲ့သူ ရီပါဘလစ်ကန် အမတ် စတီဖင်မီလာကို နောက်တစ်ကြိမ် သမ္မတသက်တမ်းမှာ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် မူဝါဒရေးရာ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူ့ သမ္မတ ဒုတိယသက်တမ်းမှာ လူဝန်မှုကြီးကြပ်ရေး စည်းမျဉ်းတွေကို အတင်းကျပ်ဆုံး ထပ်လုပ်ဖို့ အသင်းဖွဲ့စည်းရာမှာ အရင်သမ္မတသက်တမ်းက လက်သံပြောင်ခဲ့တဲ့ စတီဖင်မီလာကို မူဝါဒရေးရာ ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်လိုက်တာဖြစ်ကြောင်း CNN သတင်းထောက်တစ်ယောက်က လူမှုကွန်ရက် X မှာ ရေးတင် အသိပေးသွားပါတယ်။
စတီဖင်မီလာဟာ ပထမအကြိမ် ဒေါ်နယ်ထရမ့် သမ္မတ သက်တမ်းက မက္ကဆီကိုနယ်စပ်ရေးရာ လူဝန်မှုကြီး ကြပ်ရေး ဖြိုခွင်းမှု၊ လူနည်းစု မွတ်ဆလင်ဘာသာဝင်တွေကို ပြည်ဝင်ခွင့်ပိတ်မှုတွေ လုပ်ဆောင်ခဲ့လို့ မိသားစု ထောင်ပေါင်းများစွာ တကွဲတပြား ဖြစ်ခဲ့ရကြောင်း ဒီမိုကရက်တစ်ပါတီဘက်က ဝေဖန်မှုများစွာ ခံခဲ့ရသူဖြစ်ပါတယ်။
ဒေါ်တယ်ထရမ့်ဟာ ဒီရွေးကောက်ပွဲမှာ အမေရိကန်နိုင်ငံသားတွေအတွက် စိုးရိမ်စရာဖြစ်တဲ့ တရားမဝင် ခိုလှုံ နေသူတွေကို စံချိန်တင်အရေအတွက်နဲ့ ပြည်တော်ပြန်ပို့မယ်လို့ ကတိပေးခြင်းနဲ့ အတူ နိုင်ငံသားအကျိုးစီးပွားနဲ့ ဝင်ငွေမြင့်တက်ရေး၊ စျေးနှုန်းလျှော့ချရေးအတွက် အဓိက လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ရင်းက မဲအနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ထရမ့် အစိုးရဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အိမ်ဖြူတော်ကို တက်ရောက်နေရာယူမှာ ဖြစ် ပါတယ်။
Ref: indiatoday
MKF-001
#MeKongNews
#ထရမ့်
#လူဝင်ခွင့်
#ကြီးကြပ်ရေး
#ဒုအကြီးအကဲ
#မူဝါဒ








