မဲခေါင်၊ နိုဝင်ဘာ ၁၁
ယူကရိန်းဟာ ရုရှားမြို့တော် မော်စကိုကို သမိုင်းတစ်လျှောက်အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် နိုဝင်ဘာ ၁၀ ရက် မနက်အစောပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ လေဆိပ် ၄ ခု ခရီးစဉ်များ ရပ်ဆိုင်းပိတ်သိမ်းခဲ့ရပြီး စစ်အခြေစိုက် စခန်းတစ်ခုကိုလည်း ထိခိုက်မီးလောင်စေခဲ့ပါတယ်။
မော်စကိုမြို့ ပြင်က နေအိမ်တိုက်တာတွေပေါ် ယူကရိန်းရဲ့ ကာမီကာဇီဒရုန်းတွေ ပျံသန်းလာတာကို အရပ်သားပြည်သူတွေပါ အထိတ်တလန့်မြင်တွေ့ကြရပြီး ရုရှားအာဏာပိုင်တွေက နံနက် ၉ နာရီ ၄၅ မိနစ်မှာ ထုတ်ပြန်ကြေညာတော့ ဒရုန်း ၃၂ စီးကို လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရုပ်သံ မှတ်တမ်းတွေအရ ပစ်ချလိုက်တဲ့ ဒရုန်းတွေဟာ မီးလုံးကြီးတွေအဖြစ် အရပ်သားနေတဲ့ ဆော့ဖ်ယီနီအရပ်က အဆောက်အအုံပေါ် ကျရောက်ပြီး မီးလောင်နေခဲ့တာလည်းမြင်တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ မော်စကို နိုင်ငံတကာလေယာဉ်ကွင်းတွေဖြစ်တဲ့ ဒိုမိုဒီဒိုဗိုလေယာဉ်ကွင်း၊ ဗီနူကိုဗိုလေယာဉ်ကွင်း၊ ဇူကော့ဗ်စကီးလေယာဉ်ကွင်းနဲ့ ရှီရီမက်ယီဗိုလေယာဉ်ကွင်းတွေမှာ လေယာဉ်ပျံသန်းမှုတွေကို ဆိုင်းငံ့ ပိတ်သိမ်းခဲ့ရတာဖြစ်ပါတယ်။
မော်စကိုမြို့တော်ဝန်က အရပ်သား ထိခိုက်ဒဏ် ရာရမှုအနည်းငယ်ရှိခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေရကြောင်း ထုတ်ပြန်ပါတယ်။
ယူကရိန်းနယ်စပ်ကနေ မိုင် ၇၀၀ အကွာအဝေးမှာရှိတဲ့ ဘရိုင်းယန့်စ်အရပ်က ရုရှားထောက်ပို့ တပ်မ ၁၀၆၀ ကို ပစ်ခတ်တဲ့ ဒရုန်းတွေကတော့ တိုက်ရိုက်ထိမှန်ပေါက်ကွဲမှုတွေ ဖြစ်ပွားတာကြောင့် မိုင်းအတော်အကွာအဝေးကတောင် မီးတောက်မီးလျှံတွေကို အတိုင်းသား မြင်တွေ့နိုင်ခဲ့ပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#ရှရှား
#မော်စကို
#ဒရုန်း
#တိုက်ခိုက်
#ပြင်းထန်
#သမိုင်းတလျှောက်








