မဲခေါင်၊ နိုဝင်ဘာ ၇
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရသွားခဲ့ပြီး တစ်ရက်အတွင်း အိန္ဒိယရူပီးတန်ကြေးဟာ ဒေါ်လာစျေးနဲ့ယှဉ်ရင် သမိုင်းတစ်လျှောက် တန်ကြေးအနိမ့်ဆုံးအဆင့် ထိုးကျသွားခဲ့ရပါတယ်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတဖြစ်လာခြင်းမှာ သွင်းကုန်၊ ထုတ်ကုန် အခွန်ကိစ္စပိုင်း အရင်ကထက် ပိုးမြှင့်ကောက်ခံမယ့် မူဝါဒကိုလပိုင်းအတွင်းကျင့်သုံးတော့မယ်လို့ မျှော်လင့်ရတဲ့အတွက် ရူပီးစျေးဟာ နိုဝင်ဘာ ၆ ရက်မှာ တစ်ဒေါ်လာ ၈၄ . ၂၉ ရူပီးစျေးအထိကျဆင်းပြီး နိုဝင်ဘာ ၇ ရက်စျေးမှာ ၈၄ . ၂၉၅၀ ရူပီးစျေးအထိ ကျဆင်းလို့ သမိုင်းတစ်လျှောက် ရူပီးတန်ဖိုး အကျဆင်းဆုံး စံချိန် တင်သွားရတာဖြစ်ပါတယ်။
အမေရိကန်စီးပွားရေးပြန်လည်ကြီးထွားလာဖို့ ဒေါ်နယ်ထရမ့်က ကြွေးကျော်ထားပြီးဖြစ်လို့ အခွန်အခနဲ့ မူဝါဒ ပြင်ဆင်မှုတွေ လုပ်ဆောင်တော့မှာဖြစ်တဲ့အတွက် ယူရိုနဲ့ အာရှက ငွေကြေးတန်ဖိုးတွေဟာ ဒေါ်လာစျေးနဲ့ ယှဉ် ရင် ကျဆင်းသွားဖို့သာ ရှိတာကြောင့် အိန္ဒိယနဲ့သက်ဆိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ နိုဝင်ဘာလဆန်း ပိုင်းအတွင်း ဒေါ်လာ ၁ . ၅ ဘီလီယံနဲ့ ညီမျှတဲ့ ရူပီးငွေတွေ ထုတ်ရောင်းခဲ့ကြလို့ ရူပီးစျေး ထိုးဆင်းသွားရတာ ဖြစ်ပါတယ်။
ဒီလို ရူပီးငွေစျေး ထိုးကျခြင်းကို နှေးကွေးစေဖို့ တတ်နိုင်တာဟာ အိန္ဒိယအစိုးရပိုင် Reserve Bank (RBI) ကသာ ကြားဝင်ဖြေရှင်းပေးခြင်းနဲ့ ကူနိုင်ပြီး မကြာခင်ကာလအတွင်း ရူပီးငွေတန်ကြေးဟာ တစ်ဒေါ်လာ ၈၄ . ၄၀ ထက် ထပ်မကျဆင်းမှသာ သက်သာနိုင်မှာဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။
ရှယ်ယာဈေးကွက်စွမ်းဆောင်ရည်နဲ့ အနာဂတ်ရူပီးတန်ဖိုးကျဆင်းခြင်းမှာ နိုဝင်ဘာ ၇ ရက်နေ့ ၁ ရာခိုင်နှုန်းသာ ကျဆင်းသွားခြင်းဟာ ရင်းနှီးမြှုပ်နှံသူ တွေကို ရူပီး ၄ ထရီလီယံ နစ်နာဆုံးရှုံးသွားစေခဲ့ပါတယ်။
Ref: newsbytesapp
MKF-001








