မဲခေါင်၊ နိုဝင်ဘာ ၆
တာလီဘန်အစိုးရတက်လာပြီးနောက် နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်တားဆီး နှိမ်နင်းမှုတွေလုပ်နေပေမယ့် ၂၀၂၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၁၉ ရာခိုင်နှုန်း တိုးမြင့်လာကြောင့် ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါရှိလာပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၂ ဧပြီလက နိုင်ငံတွင်း ဘိန်းစိုက်ပျိုးခြင်းကို တာလီဘန်အစိုးရ ပိတ်ပင်ပြီးနောက် တစ်နှစ်အကြာ ၂၀၂၃ ခုနှစ်မှာ စိုက်ပျိုးနှုန်း ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို မတားမြစ်ခင် နိုင်ငံအတွင်း ဘိန်းစိုက်ဧက ၆ သောင်းနီးပါး ရှိရာက များစွာကျဆင်းသွားပေမယ့် ဒီနှစ်ထဲမှာ ဘိန်းစိုက်မှုပြန်မြင့်တက်လာပြီး ဧက ၃ သောင်းကျော် ပြန်ရှိလာခြင်းဟာ ၁၉ ရာခိုင်နှုန်း မြင့်တက်လာတာလို့ UNODC အစီရင်ခံစာမှာ တင်ပြသွားပါတယ်။
တာလီဘန်အစိုးရမတက်မီ အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာမှာ ဘိန်းအများဆုံးစိုက်ရာ၊ ဘိန်းဖြူအများဆုံးထုတ်ရာနိုင်ငံဖြစ်ခဲ့ပြီး တာဘီဘန်အစိုးရ ပိတ်ပင်ပြီးနောက် မြန်မာနိုင်ငံက ဘိန်းအစိုက်ဆုံးနိုင်ငံအဖြစ် အဆင့် (၁) နေရာ ရယူခဲ့ပါတယ်။
ဒီနှစ်ထဲ အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာတယ်ဆိုပေမယ့် ကမ္ဘာ့ဟီးရိုးအင်းစျေးကွက်ကို အဓိကကုန်ကြမ်းအဖြစ် အာဖဂန်နိုင်ငံရဲ့ ပေးပို့မှုနှုန်းကတော့ တာလီဘန်အစိုးရ မနှိမ်နင်းခင်က အထွက်နှုန်းမျိုး မရှိတော့တဲ့အဆင့်မှာ ရှိနေသေးကြောင်း သိရှိရပါတယ်။
Ref: Aljazeera
MKF-001








