မဲခေါင်၊ နိုဝင်ဘာ ၆
အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ဟာ ယူကရိန်းဝင်ရောက် သိမ်းပိုက်ထားတဲ့ ရုရှားပိုင်နက် ကက်ရှ်ဒေသထဲမှာ မြောက်ကိုရီးယားစစ်သား ၁ သောင်း ရောက်ရှိနေပြီးဖြစ်ကြောင်း ထုတ်ပြန်သွားသလို ယူကရိန်းကာကွယ်ရေးဝန်ကြီးကလည်း ယူကရိန်းတပ်တွေနဲ့ မြောက်ကိုရီးယားစစ်သားတွေ စတင်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီးကြောင်း နိုဝင်ဘာ ၄ ရက်မှာ ပြောကြားသွားပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်စ်တမ်ယူမီရော့ဗ်က တောင်ကိုရီးယားမီဒီယာနဲ့အင်တာဗျူးရာမှာ ကက်ရှ် ဒေသထဲ ယူကရိန်းတပ်နဲ့ မြောက်ကိုရီးယားစစ်သားတွေ အသေးစား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီဖြစ် ကြောင်း အတည်ပြုသွားသလို ယူကရိန်းသတင်းမှန်ပြန်ကြားရေး အကြီးအကဲ ကိုဗာလန်ကိုကလည်း ကက်ရှ်မှာ မြောက် ကိုရီးယားစစ်သားတွေနဲ့ တိုက်ပွဲတွေ စဖြစ်နေပြီလို့ အတည်ပြုသွားပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း အနောက်မဟာမိတ်တွေအနေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တာဝေး ပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ခွင့်ပြုချက်အမြန်ပေး၊ အားလုံးက မြောက်ကိုရီးယားတပ်တွေဘက်က စတင်တိုက် ခိုက်လာအောင် စောင့်ဆိုင်းပေးနေကြသလားလို့တောင် မကျေမနပ် မေးခွန်းထုတ်သွားခဲ့ပါတယ်။
Ref: politico
MKF-001










