တတိယကမ္ဘာစစ် တားဖို့နောက်ကျ သွားပြီဖြစ်ကြောင်း ပညာရှင်တွေသုံးသပ်
မဲခေါင်၊ အောက်တိုဘာ ၇
ပြီးခဲ့တဲ့ ရက်ပိုင်းက အီရန်ဟာ အစ္စရေးနိုင်ငံထဲ ဒုံးကျည် ၁၈၁ လုံးပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးဘက်က အီရန် နိုင်ငံတွင်းမှာရှိတဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရာ ပစ်မှတ်တွေကို ချက်ခင်း ပစ်ခတ်ဖို့ ရှိနေတဲ့အတွက် တတိယကမ္ဘာစစ် တားဆီးဖို့ နောက်ကျသွားခဲ့ပြီလို့ ကမ္ဘာ့စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေးအင်စတီကျု ထူထောင်သူ ဒေးဗစ်အယ်လ်ဘရိုက်က အစ္စရေးအတွက် ဒီအချိန်ဟာ အီရန်ရဲ့ နျူကလီးယားအခြေခံအဆောက်အအုံတွေကို အပြီးသတ်ပစ်ခတ်ရှင်းလင်းဖယ်ရှားဖို့ အချိန်ရောက်လာတာဖြစ်လို့ တားဆီးချိန် မမီတော့ကြောင်း The Sun ကို ဖွင့်ဟပြောဆိုသွားပါတယ်။
အစ္စရေးဟာ သူတို့နိုင်ငံအပေါ် အီရန်က မီးကွင်းစက်ဝိုင်းအသွင် လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ ဝိုင်းထားစေခဲ့ပြီး လက်ရှိမှာ အစ္စရေတပ်တွေဟာ လက်ဘနွန်ထဲက အီရန်ထောက်ပံ့တပ် ဟစ်ဇ်ဘိုလာတွေကို မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေခဲ့ပါပြီ။
ပေဂျာတွေ ဝေါ်ကီတော်ကီတွေထဲ ဖောက်ခွဲရေးဗုံးတွေထည့်ပြီး ဟစ်ဇ်ဘိုလာတွေကို သုတ်သင်နေတာ၊ ဂါဇာမှာ ဟားမက်စ်တွေကို အမြစ်ပြတ်ချေမှုန်းနေတာဟာ မျက်မြင်သက်သေဖြစ်ကြောင်း၊လပိုင်းအတွင်း နျူကလီးယားဗုံး ထုတ်နိုင်စွမ်းရှိနေပြီဖြစ်တဲ အီရန်ကပေးတဲ့ နျူကလီးယားလက်နက်တွေ၊ ဗုံးတွေနဲ့ အစ္စလာမ္မစ် လက်နက်ကိုင်တွေ မတိုက်ခိုက်ခင် အီရန်ရဲ့ နျူကလီးယား ရင်းမြစ်တွေကို တိုက်ခိုက်ရှင်းလင်းဖို့ အစ္စရေးအတွက် အကောင်းဆုံးအချိန်ရောက်နေလို့လည်း တတိယကမ္ဘာစစ်မီကို တားဆီးနိုင်ဖို့ နောက်ကျသွားခဲ့ပြီလို့ ဗစ်အယ်လ်ဘရိုက်က သုံးသပ်ပြောဆိုသွားပါတယ်။
ဒီလိုတိုက်ခိုက်မယ်ဆိုရင် အစ္စရေးရဲ့ တရားဝင်စေမယ့် ပစ်မှတ်တွေက ယူရေနီယံများစွာ ထုတ်လုပ်နေတဲ့ နက်တန့်ဇ်နဲ့ ဖော်ဒိုးအခြေစိုက် နျူကလီးယားစခန်းတွေဖြစ်လာမယ်လို့ နျူကလီးယားရေးရာ ကျွမ်းကျင်သူတွေ ကလည်း သုံးသပ်နေကြပါတယ်။
ရူပဗေဒနဲ့လက်နက်ရေးရာ အထူးကျွမ်းကျင်လည်းဖြစ်တဲ့ အယ်လ်ဘရိုက်က လက်ရှိအချိန်မှာ အစ္စရေးရဲ့ လက်ဘနွန်ထဲ ဝင်ရောက်တိုက်ခိုက်မှုအပေါ် အီရန်အပါ ရန်သူတွေဘက်မှာ တားဆီးနိုင်စွမ်း မရှိလို့ ရွေးချယ်စရာ နျူကလီးယားလက်နက်သာရှိခြင်းက အလွန့်အလွန်အန္တရာယ်ကြီးမားစေတဲ့ အဖြစ်ကို ရောက်ရှိနေတာလို့လည်း သတိပေးပြောဆိုသွားပါတယ်။
Ref:Thesun
MKF-001










