လက်ဘနွန်ထဲ အစ္စရေးဝင်တိုက်ခိုက်မှု ၄ ရက်မြောက်မှာ ဟစ်ဇ်ဘိုလာ ၂၅၀ ကျော် သေဆုံး
မဲခေါင်၊ အောက်တိုဘာ ၇
အီရန်ဘာသာရေးခေါင်းဆောင်လည်းဖြစ် နိုင်ငံခေါင်းဆောင်လည်းဖြစ်တဲ့ အယာတိုလာခါမီနီက အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမက်စ်တပ်တွေ အစ္စရေးနိုင်ငံထဲ ဝင်ရောက်ပြီး လူပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ကာ ၂၅၀ ကျော်ကို ဓားစာခံအဖြစ်ပြန်ပေးဆွဲသွားတာက တရားဝင်တဲ့ လုပ်ရပ်လို့ ထုတ်ဖော်ပြောဆိုလာတဲ့အတွက် အရှေ့ အလယ်ပိုင်း စစ်ရေးတင်းမာမှုဟာ အမြင့်ဆုံးအရှိန်ကို ရောက်ရှိလာပါတယ်။
ဒီသတင်းကို အရင်ကတည်းက အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ ထောက်ခံဖော်ပြပေးတဲ့ BBC သတင်း ပိုင်းက အောက်တိုဘာ ၄ ရက်ညမှာ ထုတ်ပြန်သွားလို့ အလွန်အရှက်နည်းတဲ့ BBC ရဲ့ ဘက်လိုက်မှုလို့ တစ်ကမ္ဘာလုံးက ဝေဖန်နေကြပြီး ဟားမက်စ်ကိုလည်း အကြမ်းဖက်အဖွဲ့လို့ မသုံးနှုန်းတဲ့ ဘီဘီစီအပေါ် ဗြိတိန် လွှတ်တော် အမတ်တွေအကြား ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ဆွေးနွေးနေကြပါပြီ။
ခါမီနီက ယုတ္တိရှိတဲ့ တရားဝင်တဲ့ ဟားမက်စ်ရဲ့ လုပ်ရပ်လို့ လူပေါင်းများစွာနဲ့ ဆုတောင်းပွဲမှာ ရိုင်ဖယ်သေနတ်ဘေးထောင်ထားပြီး ပြောဆိုနေခဲ့ချိန် အစ္စရေးတပ်တွေကတော့ အီရန်ထောက်ပံ့ ဟစ်ဇ်ဘိုလာတပ်တွေကို လက်ဘနွန်ထဲအထိ စစ်ချီပြီး ရှင်းလင်း တိုက်ခိုက်နေရာမှာ ၄ ရက်အတွင်း ဟစ်ဇ်ဘိုလာ အယောက် ၂၅၀ ကျော် ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလန့်က ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်ချုပ် နက်စ်ရယ်လာကို ရှင်းလင်းပြီးသလို ဆက်ခံမယ့် ညီအစ်ကိုဝမ်းကွဲကိုလည်း လက်ဘနွန်စစ်ဆင်ရေးမှာ ရှင်းလင်းခဲ့ပြီးဖြစ်လို့ ဟစ်ဇ်ဘိုလာတပ်ရဲ့ ထိပ်ပိုင်း တတိယအဆင့်အမြင့်ဆုံးအထိ တာဝန်ယူကြသူအားလုံးကို ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန် သွားပါတယ်။
ခါမီနီကတော့ အစ္စရေးရဲ့ ခြိမ်းခြောက်မှုဟာ မမှုလောက်ဘဲ ဟစ်ဇ်ဘိုလာဆိုတာ ပျောက်ပျက် သွားမှာ မဟုတ်တဲ့ အဖွဲ့လို့ ဆုတောင်းပွဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။
Ref:Thesun
MKF-001












