မဲခေါင်၊ စက်တင်ဘာ ၃၀
ဂျပန်နိုင်ငံမှာ အသက်ရှည်လွန်းကြသလို သက်ကြီးရွယ်အိုနှုန်းလည်း များပြားလွန်းနေပေမယ့် မျိုးဆက်သစ်တွေကြား မင်္ဂလာဆောင် အိမ်ထောင်ပြု ရင်သွေးယူမှု စံချိန်တင် နည်းပါးနေလို့ တိုကျိုမြို့တော် အစိုးရဟာ အိမ်ထောင်ပြုကလေးယူ မိသားစုထူထောင်နိုင်စေရေး လော်ဘီလုပ်တဲ့ AI Power သုံး အပလီကေးရှင်းကို မိတ်ဆက်ထုတ်ပြန်ခဲ့ပါတယ်။
Tokyo Enmusubi (Tokyo matchmaking) လို့အမည်ပေးထားတဲ့ ဒီအပလီကေးရှင်းကို တိုကျိုမြို့နေ၊ တိုကျိုမှာ အလုပ်ဆင်းတဲ့ ၁၈ နှစ်နဲ့အထက် တစ်ကိုယ်ရေသမားအားလုံး လျှောက်ထားအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် စရိုက်၊လိုလားတောင်းတမှု စတာတွေ ကိုက်ညီနိုင်စေဖို့ လျှောက်ထားရာမှာ ကိုယ်ရေးအချက်အလက်၊ ရည်မှန်းချက်၊ ဝင်ငွေသက်သေ၊ တစ်ကိုယ်ရေသမားဖြစ်ကြောင်း ခိုင်မာတဲ့အထောက် အထားတွေကို ဖြည့်စွက်ဖို့ အွန်လိုင်းအင်တာဗျူးကိုတော့ ဖြေကြားရမှာဖြစ်ပါတယ်။
ဒီ အက်ပလီကေးရှင်းကို စမတ်ဖုန်းမှာရော အွန်လိုင်းမှာပါ ရရှိနိုင်ပြီး ဖြည့်စွက်ပါအချက်အလက်တွေကို AI နည်းပညာက အသုံးပြုပြီး ကြင်ယာရှာသူကို အသေးစိတ်မေးခွန်း ၁၁၀ အထိ ပြန်လည်ဖြေကြားပေးပြီး တစ်ဖက်လူအကြောင်းနဲ့ လူတန်ဖိုးကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ကိုယ်ရေသမားတွေအတွက် အခမဲ့ မှတ်ပုံတင်ခွင့်တော့ရမှာမဟုတ်ဘဲ မှတ်ပုံတင်ကြေး ဂျပန်ယန်း ၁၁၀၀၀ (၇၇ ဒေါ်လာ)ပေးသွင်းရမှာဖြစ်ပြီး Membership ဝင်ရင် ၂ နှစ်ကာလ အသုံးပြုခွင့်ရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Ref: Kyodo News
MKF-001









