မဲခေါင်၊ စက်တင်ဘာ၊ ၁၇
အောက်တိုဘာ ၇ ရက်က ဟားမက်စ်တွေ အစ္စရေးနယ်ကျော်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်စဉ် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အယောက် ၂၅၀ ထဲက ရဲတပ်ဖွဲ့ဝင် ၃ ယောက်ဟာ သူတို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်နိုင်ချေများတယ်လို့ အစ္စရေးအစိုးရက ဝန်ခံထုတ်ပြန်သွားပါတယ်။
ရဲတပ်ကြပ် နစ်ခ်ဘိုင်ဇာ၊ ဒုတပ်ကြပ်တွေဖြစ်တဲ့ ရွန်ရှာမန်နဲ့ အီလီယာတိုလီဒါနိုတို့ဟာ နိုဝင်ဘာလအတွင်းက ဂါဇာကမ်းမြောင်ဒေသ ဂျာဘာလီယာမှာရှိတဲ့ မြေအောက်ဥမင်တွေကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုမှာ ဟားမက်စ်တပ်မှူး အာမက်ဂန်ဒေါ် သေဆုံးခဲ့သလို ဂန်ဒိုကိုယ်တိုင် အနီးအနားမှာ ဖမ်းဆီးထားတဲ့ ဓားစာခံ အစ္စရေးရဲသား ၃ယောက်လည်း သေဆုံးခဲ့ပြီး အလောင်းတွေကို ဒီဇင်ဘာမှရရှိလို့ ဆေးဘက်ဆိုင်ရာအရရော၊ ထောက်လှမ်းရေးနည်းပညာအရာပါ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အခု စက်တင်ဘာ ၁၅ ရက်နေ့ ရောက်မှ အစ္စရေး စစ်တပ်က ဓားစာခံတွေကို ဂျာဘာလီယာ ဥမင်ထဲ ထားရှိကြောင်း သတင်းတစုံတရာမရရှိလို့ ဟားမက်စ်ခေါင်းဆောင်ကို သုတ်သင်ဖို့ လေကြောင်းတိုက်ခိုက် ခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် ဓားစာခံ ရဲသုံးယောက် သေဆုံးခြင်းဟာ ဒီလေကြောင်းတိုက်ခိုက်မှုကနေ အလွဲအမှားဖြစ်ပြီး သေဆုံးတာ အလွန်ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ သက်သေမရှိလို့ ဟားမက်စ်ဘက်က သတ်ဖြတ်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ထုတ်ပြန်သွားပါတယ်။
အစ္စရေးတပ်ဟာ နိုင်ငံတော်အဆင့် စစ်ဆင်ရေးအဖြစ် ဓာစားခံအားလုံးလွတ်မြောက်စေဖို့ ဂါဇာဥမင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ ဒီဇင်ဘာလအတွင်း ဥမင်ထဲ ဟားမက်စ်အသွင်ယူထားသူ ဓားစာခံ ၃ ယောက်ကို မှားယွင်းပစ်ခတ်လို့ သေဆုံးခဲ့သေးသလို ဖေဖော်ဝါရီလအတွင်းက လေကြောင်းတိုက်ခိုက်မှုမှာလည်း ဓားစာခံတစ်ဦး သေဆုံးခဲ့လို့ အစ္စရေးပြည်သူတွေဟာ လက်ရှိ အစိုးရရဲ့ ဓားစာခံတွေအပေါ် မကယ်နိုင်တဲ့အပြင် ရောပြီး သတ်ဖြတ်နေတယ်ဆိုတဲ့ အမြင်နဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ကြပါတယ်။
Ref:Thesun
MKF-001









