မဲခေါင်၊ စက်တင်ဘာ ၁၇
လက်ရှိ သမ္မတဂျိုးဘိုင်ဒန်က လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘဲ ဒုသမ္မတ ကာမီလာဟဲရစ်ကို ဒေါ်နယ်ထရမ့်နဲ့ စင်ပြိုင်ရွေးချယ်ခံဖို့ ခွင့်ပြုခဲ့ပြီးနောက် အမေရိကန်က ဆယ်လီတွေကြားမှာ ဒေါ်နယ်ထရမ့် ဘက်တော်သားနဲ့ ကာမီလာဟဲရစ် ဘက်တော်သား နှစ်ဖွဲ့ကွဲပြီး အုံးအုံးထနေချိန် ဂရမ်မီ ၁၄ ဆုရှင် အဆိုတော် တေလာဆွစ်ဇ်က ကာမီလာဟဲရစ်ထောက်ခံသူဖြစ်ကြောင်း ထုတ်ပြန်လာရာမှာတော့ ဒေါ်နယ်ထရမ့်ဟာ ဟန်တောင်မဆောင်နိုင်ဘဲ တေလာဆွစ်ဖ်ကို မုန်းတယ်လို့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် Truth Social မှာ စက်တင်ဘာ ၁၅ ရက်က ရေးတင်သွားခဲ့ပါတယ်။
လက်ရှိမှာ တေလာဆွစ်ဖ်ဟာ ကန်ဆက်စီးတီးချိဖ် အမေရိကန်ဘောလုံးအသင်းရဲ့ စူပါးစတား ထရာဗစ်ကယ်လ်စီ နဲ့ ချစ်သူတွေအဖြစ်ရှိနေပြီး ထရမ့်နဲ့ ကာမီလာဟဲရစ်တို့ သမ္မတလောင်းရွေးပွဲအတွက် Debate စကားရည်လုပွဲအပြီး ကာမီလာဟဲရစ်သာ တည်ငြိမ်သောလက်ပိုင်ရှင်၊ ပါရမီရှင်၊ ခေါင်းဆောင်ကောင်း၊ အမေရိကန်အရေးကို ရုန်းရင်းဆန်ခတ်မဖြစ်စေဘဲ တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းပေးနိုင်စွမ်းရှိသူမို့ ထောက်ခံကြောင်း Follower ၂၈၃ သန်းရှိတဲ့ သူမ အင်စတာဂရမ်မှာ ရေးတင်သွားခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တေလာဆွစ်ဖ်ရဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကာမီလာဟဲရစ်အပေါ် ထောက်ခံကြောင်းကိုသိရအပြီး သူ့လူမှုကွန်ရက်ပေါ်မှာ “ တေလာဆွစ်ဖ်ကို ငါမုန်းတယ်။ ဘရစ်တလေးကိုပဲ ကြိုက်တယ်။ ခင်ဗျားတို့ အမှန်တရားကို သိချင်ရင် ဘရစ်တလေးကိုမေး။ သူက ထရမ့်ရဲ့ အမာခံ Fan ဗျ” လို့ ရေးတင်သွားတာ ဖြစ်ပါတယ်။
ဘရစ်တလေးဆိုတာ တေလာဆွစ်ဖ်နဲ့ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်သလို သူ့ချစ်သူကလည်း တေလာ ဆွစ်ဖ်ချစ်သူနဲ့ တစ်သင်းတည်းမှာ အမေရိကန်ဘောလုံးကစားနေတဲ့ နာမည်ကြီး ကစားသမား ပက်ထရစ် မာဟိုးမက်စ် ဖြစ်ပြီး သူတို့ကတော့ ထရမ့်ဘက်က ထောက်ခံသူတွေအဖြစ် ကြေညာထားကြတာဖြစ်ပါတယ်။
Ref:Thesun
MKF-001












