မဲခေါင်၊ စက်တင်ဘာ ၁၃
မြောက်ကိုရီးယားဟာ ယူကရိန်းကို ပစ်ခတ်တိုက်ခိုက်ဖို့ ရုရှားလိုအပ်နေတဲ့ ဒုံးကျည်တွေကို အားချင်း ထုတ်လုပ်ပေးနေရာမှာ ယူကရိန်းထဲပစ်ခတ်တဲ့ ဒုံးကျည်ဟာ ၂၀၂၄ ခုနှစ်ထဲမှ ထုတ်လုပ်ထားတဲ့ ဒုံးကျည်အသစ် ဖြစ်နေကြောင်းပါ တွေ့ရှိရတယ်လို့ ယူကေအခြေစိုက် လက်နက်သုတေသန ပဋိပက္ခ အဖွဲ့ (CAR) က သက်သေ နဲ့ ထောက်ပြထုတ်ပြန်ခဲ့ပါတယ်။
ပူတင်ဟာ မြောက်ကိုရီးယားကို ကိုယ်တိုင်သွားရောက်ပြီး နှစ်နိုင်ငံ စစ်ရေး အပြန်အလှန်ကူညီဖို့ သဘောတူ စာချုပ်ခဲ့ရာမှာ မြောက်ကိုရီးယားဘက်က ပူတင်အတွက် တိုက်ချင်းပစ် ဒုံးကျည်အသစ်တွေကို မှားသလောက် ပေးပို့နိုင်ဖို့ တပ်သုတ်ရိုက် ထုတ်လုပ်ပေးနေတာဖြစ်ကြောင်းနဲ့ ယူကရိန်းထဲ ကျတဲ့ ဒုံးကျည်တွေထဲ ၂၀၂၄ ခုနှစ် ထဲမှ အသစ်ထုတ်လုပ်လိုက်တဲ့ ဒုံးကျည်တစ်လုံးပါ တွေ့ရှိရကြောင်း CAR က ထုတ်ပြန်သွားပါတယ်။
၂၀၂၄ ဇူလိုင် ၃၀ ရက်နဲ့ ဩဂုတ် ၁၈ ရက်ကြား ယူကရိန်းထဲ ရုရှားပစ်တဲ့ တိုက်ချင်းပစ် ဒုံးကျည် အနည်းဆုံး ၄ လုံးတွေ့ရှိခဲ့ရာမှာ တစ်လုံးပေါ်မှာ ကိုရီးယား ပြက္ခဒိန်ဂျူချီနှစ်အဖြစ် ၂၀၂၄ ခုနှစ်လို့ပြောတဲ့ ၁၁၃ ခုနှစ်ကို ရေး ထိုးထားကြောင်း၊ ဇန်နဝါရီလအတွင်းက စစ်ဆေးတွေ့ရှိရတဲ့ မြောက်ကိုရီးယားထုတ် ဒုံးကျည်မှာ ၂၀၂၃ ခုနှစ် ကို ရည်စူးတဲ့ ၁၁၂ ခုနှစ်ကို ရေးထိုးထားလို့ မြောက်ကိုရီးယားဟာ ချက်ချင်း တပ်သုတ်ရိုက် ထုတ်လုပ်ပြီး တိုက်ချင်း ပစ်ဒုံးတွေကို ရုရှားထံ ပေးပို့နေတာ ထင်ရှားကြောင်း CAR အစီရင်ခံစားမှာ ထည့်သွင်းဖော်ပြသွားပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂဟာ မြောက်ကိုရီးယားကို ပြည်ပဆီ ဒုံးကျည်တင်ပို့မှု ပိတ်ပင်ခဲ့ပေမယ့် အခု ရုရှားနဲ့ ပေါ်ပေါ်တင်တင် ဒုံးကျည် ထုတ်လုပ်ပေးပို့နေခြင်းဟာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကို ဂရုမစိုက်ဘဲ မျက်ကွယ်ပြုရာရောက်တယ်လို့လည်း ဒီသတင်းစဉ်မှာ သုံးသပ်ရေးသားထားပါတယ်။
Ref: nknews








