မဲခေါင်၊ စက်တင်ဘာ ၁၀
စက်တင်ဘာ ၁၀ ရက်မနက်အစောပိုင်းဟာ ဂါဇာကမ်းမြောင်ဒေသ ခွန်းယူနစ်မြို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းဇုန်သတ်မှတ်ထားရာနေရာကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ အနည်းဆုံး အယောက် ၄၀ ကျော် သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်းဘက်က ထုတ်ပြန်ပါတယ်။
အစ္စရေးဘက်က အနည်းဆုံး ဒုံးကျည် ၄ လုံးကို အယ်လ်မော်ဝါဆီအရပ်ဆီ ဦးတည်ပစ်ခတ်ခဲ့ရာမှာ ၉ မီတာ လောက်နက်တဲ့ မြေတွင်းကြီးတွေများစွာကို ဖြစ်ပေါ်စေခဲ့သလို မီးလောင် ပေါက်ကွဲမှုတွေလည်းဖြစ်ခဲ့တာ ကြောင့် သေဆုံးမှု များပြားခဲ့တာဖြစ်ပြီး အစ္စရေးဘက်ကတော့ ဟားမက်စ် တပ်မှူးတွေ စုဝေးနေရာအရပ်ဖြစ် ကြောင်း သတင်းအခိုင်အမာရရှိလို့ ပစ်ခတ်ရှင်းလင်းရကြောင်း ထုတ်ပြန်သွားပါတယ်။
လက်နက်ကိုင် ဟားမက်စ်တွေဟာ ဒီဘေးကင်းဇုန်နားက ကမ်းရိုးတန်းသွားလမ်းမကြီးပေါ် ထိန်းချုပ်လှည့်လည်နေတာ သိရှိရလို့ ပစ်ခတ်တာဖြစ်တယ်လို့ အစ္စရေးရဲ့ ထုတ်ပြန်ချက်ကို ဟားမက်စ်ဘက်က ငြင်းဆိုပြီး နှစ်ဖက်စလုံးဘက်ကတော့ သက်သေအထောက်အထားတွေ ထုတ်ပြခြင်းမရှိခဲ့ပါဘူး။
အယ်လ်မော်ဝါဆီ အရပ်မှာ ဂါဇာ ကမ်းမြောင်ဒေသက ပါလက်စတိုင်းစစ်ဘေးရှောင် ၃၈၀၀၀၀ ခိုလှုံနေရာအရပ်ဖြစ်သလို အခု ပစ်ခတ်တိုက်ခိုက်မှုမှာ ဟားမက်စ်တွေ ပြန်ပေးဆွဲထားတဲ့ အစ္စရေး ဓားစာခံ ၃ ဦးပါ သေဆုံးသူထဲ ပါဝင်ခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
Ref: africanews
MKF-001










