မဲခေါင်၊ စက်တင်ဘာ ၁၀
စက်တင်ဘာ ၉ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံထူထောင်ခြင်း ၇၆ နှစ်ပြည့်အခမ်းအနားမှာ အာဏာရှင် ကင်ဂျုံအန်က ဝန်ရိုး ၁၂ ခုပါ Hwasong-17 တိုက်ချင်းပစ် ဒုံးကျည်သစ် ပစ်ခတ်ရာ လောင်ချာကားသစ်ကို ထုတ်ပြပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ခြိမ်းခြောက်နေမှုကြောင့် မိမိနိုင်ငံမှာ နျူကလီးယားလက်နက်တွေကို ပြည့်စုံ လုံလောက်တဲ့အထိ အများအပြား ထပ်မံထုတ်လုပ်ဦးမှာဖြစ်ကြောင်း ကြုံးဝါးပြောဆိုသွားပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့က မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းအေဂျင်စီရဲ ထုတ်ပြန်မှုမှာ ကင်ဂျုံအန် မိန့်ခွန်းကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး ဝန်ရိုး ၁၂ လုံးပါ နျူကလီးယားထိပ်ဖူးတင်ဆောင် Hwasong-17 ဒုံး ပစ်ကားသစ်ကို ထပ်မံ ထုတ်ပြတဲ့အပြင် မကြာခင် နောက်ထပ် အသစ်ထုတ်လုပ်ထားတဲ့ တိုက်ချင်းပစ် နျူကလီးယားဒုံးသစ်ကိုလည်း ထပ်မံ ထုတ်ဖော်ပြသဖို့ ရှိနေကြောင်း နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
အမေရိကန်ရဲ့ ခြိမ်းခြောက်မှုဟာ လက်ရှိမှာ အကြီးမားဆုံး အန္တရာယ်အဆင့်ရောက်နေလို့ နျူကလီးယား လက်နက်မူဝါဒကို ပြတ်ပြတ်သားသားချမှတ်ထားပြီးပြီဖြစ်လို့ နျူကလီးယားလက်နက်ထုတ် စစ်သည်တွေဟာ အစွမ်းကုန် အားစိုက်ပြီး အစုလိုက်အပြုံလိုက် လက်နက်ထုတ်လုပ်ပြင်ဆင်ထားကြမှာဖြစ်ကြောင်း ကင်ဂျုံအန် က ထုတ်ဖော် ပြောဆိုသွားတာဖြစ်ပါတယ်။
အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်သတင်းပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ပတ်ရိုက်ဒါကတော့ ကင်ဂျုံ အန်ရဲ့ သူ့လက်နက်သစ်တွေကို တယ်လီဂရမ်ကနေ ကမ္ဘာကို ထုတ်ပြမှုဟာ သာမာန် လုပ်လေ့လုပ်ထမရှိတဲ့ ဖြစ်စဉ်မို့ ဒေသတွင်း မဟာမိတ်တွေနဲ့ လုံခြုံရေးအစီအစဉ်တွေကိုသာ ပိုမို အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
Ref: upi
MKF-001









