ကမ္ဘာ့သတင်း

ပူတင်ရဲ့စပိုင်ဟောင်း ဘက်ပြောင်းဝေလငါး ဝေးလ်ဒီမာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး

မဲခေါင် 6 Sep - 2024
၂၀၁၉ ခုနှစ်က ခန္ဓာကိုယ်မှာ ချပ်ဝတ်တန်ဆာ အသွင်ဆင်ယင်ပြီး ကင်မရာတပ်ဆင်ပေးထားလျှက် မြင်တွေ့ရလို့ ရုရှားသမ္မတပူတင်ရဲ့ သမုဒ္ဒရာကင်းထောက်စပိုင် ဝေလငါးအဖြစ် လူသိများခဲ့တဲ့ ဝေလငါးဖြူ ဝေးလ်ဒီမာကို ဩဂုတ် ၃၁ ရက်နေ့က နော်ဝေကမ်းလွန်ပင်လယ်ပြင်မှာ တံငါသည်တစ်ဦးက သေဆုံးလျှက်တွေ့ရှိခဲ့ပြီး ဒီသေဆုံးမှုမှာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၆

၂၀၁၉ ခုနှစ်က ခန္ဓာကိုယ်မှာ ချပ်ဝတ်တန်ဆာ အသွင်ဆင်ယင်ပြီး ကင်မရာတပ်ဆင်ပေးထားလျှက် မြင်တွေ့ရလို့ ရုရှားသမ္မတပူတင်ရဲ့ သမုဒ္ဒရာကင်းထောက်စပိုင် ဝေလငါးအဖြစ် လူသိများခဲ့တဲ့ ဝေလငါးဖြူ ဝေးလ်ဒီမာကို ဩဂုတ် ၃၁ ရက်နေ့က နော်ဝေကမ်းလွန်ပင်လယ်ပြင်မှာ တံငါသည်တစ်ဦးက သေဆုံးလျှက်တွေ့ရှိခဲ့ပြီး ဒီသေဆုံးမှုမှာ သေနတ်နဲ့ ပစ်သတ်ခံရတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ရုရှားဟာ ဝေလငါးတွေကို လှောင်ပိတ်ပြီး စစ်ရေးကင်းထောက်စပိုင်အဖြစ် လေ့ကျင့်အသုံးပြုနေခဲ့တာကြာပြီ ဖြစ်ရာမှာ နောက်ပိုင်း ဝေလငါးလေး ဝေးလ်ဒီမာဟာ လွတ်မြောက်သွားပြီး နော်ဝေ ကမ်းလွန်ဒေသမှာပဲ မကြာ ခဏမြင်တွေ့နေခဲ့ရတာဖြစ်ပါတယ်။

၁၄ ပေရှည်ပြီး သေဆုံးနေချိန်မှာ အလေးချိန် ၁၂၀၀ ကီလိုဂရမ်ရှိတဲ့ ဝေးလ်ဒီမာ သေဆုံးကြောင်း တံငါသည်က တွေ့ရှိပြီးနောက် နော်ဝေ အမျိုးသားတိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(NOAH) နဲ့ ဝေလငါးများ စောင့်ရှောက်ရေးအဖွဲ့အစည်း(OneWhale) တို့ သွားရောက်ပြီး ဆယ်ယူရင်း စစ်ဆေးရာမှာတော့ သေနတ်နဲ့ ပစ်သတ်ထားတာဖြစ်ကြောင်း ခန္ဓာကိုယ်ထဲမှာ ကျည်ဆံတွေနဲ့တကွ တွေ့ရှိရတာဖြစ်ပါတယ်။

OneWhale ထူထောင်သူ ရီဂျီနာဟော့ဂ်က “ ဝေလငါးလေးအလောင်းတွေ့တော့ ဒဏ်ရာတွေအများကြီးနဲ့ပါ။ ချက်ချင်း သေနတ်နဲ့ ပစ်သတ်ခံရတာကို သိလိုက်ရတယ်။ ခန္ဓာကိုယ်ထဲ နစ်နေတဲ့ ကျည်ဆံလည်းတွေ့တယ်။ ဒီလောက်ယဉ်ကျေးလိမ်မာပြီး အန္တရာယ်မပြုတဲ့ ဝေလငါးလေးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာ တော်တော် ဆိုးပါတယ်။ ဩဂုတ် ၃၁ ရက်နေ့က ရာဆာဗီကာ ပင်လယ်ကွေ့မှာ အလောင်းတွေ့တာပါ။ သူ့ကို ဒီဘက်နှစ်ပိုင်း အတွင်း ကျွန်တော်တို့ စောင့်ရှောက်ကြည့်ရှုခဲ့ရတာမို့ ဝမ်းနည်းနှမြောမိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

ရုရှားမှာ ဘက်ပြောင်းသူလို့ စွပ်စွဲကြတဲ့ ဝေးလ်ဒီမာသေဆုံးခြင်းအပေါ် စုံစမ်းစစ်ဆေးဖို့လိုကြောင်းနဲ့ သဘာ၀ တရားအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းမှာ ရုရှားဘက်က လုပ်ကြံမှုလည်းဖြစ်နိုင်ကြောင်း NOAH အကြီးအကဲ ဆီရီမာတင်ဆန်က ပြောကြားသွားပါတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်ကို အထီးကျန်အောင်လုပ်မှု အောင်မြင်ကြောင်း အမေရိကန်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၇ အီရန်အား စီးပွားရေးအရ အထီးကျန်အောင်လုပ်ရန် ကမ္ဘာတစ်ဝန်းသို့ အထူးကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်က ယမန်နေ့တွင်
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရှီကျင့်ဖျင်ကို အခမ်းအနားအပြည့်ဖြင့် လေဆိပ်ဆင်းကြိုသဖြင့် ထောက်ခံသူများပင် ထရမ့်အား ပြန်ဝေဖန်

မဲခေါင်၊ စက်တင်ဘာ ၂၄ စက်တင်ဘာ ၂၃ ရက်က အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်အနီး မေရီလန်းပြည်နယ်မှ အန်ဒရူးလေတပ်အခြေစိုက်စခန်းသို့ ရောက်ရှိလာသည့် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်လေကြောင်းများအား လက်ခံမှု မနက်ဖြန်မှစ၍ ရပ်တန့်ရန် နိုင်ငံတကာလေဆိပ်များကို အမေရိကန် သတိပေး

မဲခေါင်၊ စက်တင်ဘာ ၂၂ မနက်ဖြန် စက်တင်ဘာ ၂၃ ရက်မှစ၍ အီရန်လေကြောင်းလိုင်းများ၏ နိုင်ငံတကာခရီးစဉ် လည်ပတ်မှုများ ရပ်တန့်သွားစေရန် ရည်ရွယ်၍ အမေရိကန်က အီရန်အပေါ် တားဆီးပိတ်ဆို့မှုများကို တိုးမြှင့်နေစဉ် အီရန်လေကြောင်းများအား ဝန်ဆောင်မှုပေးသော နိုင်ငံခြားလေဆိပ်များနှင့် လုပ်ငန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln လာမည့်သီတင်းပတ်တွင် ထိုင်း၌ ဆိုက်ကပ်မည်

မဲခေါင်၊ သြဂုတ် ၂၆ အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln သည် လာမည့်သီတင်းပတ်တွင် ထိုင်းနိုင်ငံ၌ ဆိုက်ကပ်မည်ဖြစ်ကြောင်း ထိုင်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ကြာရှည်စွာ စေလွှတ်ထားမှုနှင့်အတူ သင်္ဘောပေါ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေများ၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

အီရန်နှင့် ဆွေးနွေးမှုအားလုံး ရပ်ဆိုင်းကာ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ထရမ့်ကြေညာ

မဲခေါင်၊ ဩဂုတ် ၁၉ ဩဂုတ် ၁၈ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အီရန်နှင့် ဆွေးနွေးမှုမှန်သမျှကို ရပ်ဆိုင်းလိုက်ပြီး ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်ပိုင်နက်နယ်မြေဖြစ်သွားပြီဟု Truth Social လူမှုကွန်ရက်ပေါ် ရေးသားကြေညာခဲ့သည်။ ပြီးခဲ့သည့်လများအတွင်း အမေရိကန်နှင့် အီရန်တို့ ယာယီငြိမ်းချမ်းရေးရရှိစေရေး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ယူကရိန်း သံမဏိစက်ရုံကို ရုရှား တိုက်ခိုက်ပြီး မြို့တော်မော်စကိုကို ယူကရိန်း ပစ်မှတ်ထား

မဲခေါင်၊ ဩဂုတ် ၁၇ ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now