မဲခေါင်၊ သြဂုတ် ၃၀
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနိုင်ငံထဲ ပေါင် ၁ . ၃ ဘီလီယံဖိုးကုန်ကျခံလို့ ဒုံးကျည် အလုံးပေါင်း ရာချီ ပစ်ခတ်ပြီးနောက် ယူကရိန်းသမ္မတ ဇီလန်းစကီးက အယုံကြည်ရဆုံး သူ့ကိုယ်စားလှယ် ၂ ယောက်ကို အိမ်ဖြူတော်ဆီ စေလွှတ်လို့ အမေရိကန်ပေးထားတဲ့ ဒုံးကျည်တွေနဲ့ ရုရှားထဲက အရေးအပါဆုံး ပစ်မှတ်ထားတဲ့ ပစ်မှတ်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထဲ တင်ပြ အတည်ပြုခိုင်းတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းအနေနဲ့သူတို့ပေးထားတဲ့ လက်နက်နဲ့ဒုံးကျည်တွေကို ရုရှားနိုင်ငံထဲ ပစ်ခတ်ခွင့်ပေးကြောင်းဇူလိုင်လကုန်ပိုင်းကတည်းက အတည်ပြုပေးထားပြီးဖြစ်ပေမယ့် ပစ်မှတ်တွေနဲ့ပတ်သက် လို့ ကန့်သတ်ထားမှုတွေ ရှိနေသေးလို့ ဇီလန်းစကီးဟာ သူ့အစိုးရအဖွဲ့ အကြီးအကဲ အန်ဒရေးယာမက်ခ်နဲ့ ကာကွယ်ရေးဝန်ကြီး ရက်စ်တမ်ယူမီရော့ဗ်တို့ကို ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံစေပြီး ပစ်ခတ်ဖို့ လျာထားတဲ့ ရုရှားပြည်တွင်းထဲက ပစ်မှတ်တွေကိုသွားရောက်ပြသ ခွင့်ပြုမိန့်တောင်းခံမှာဖြစ်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းအပေါ် ဘီလီယံပေါင်းများစွာတန်တဲ့ စစ်ရေးအသုံးအဆောင် လက်နက်တွေကို ပေးထားဆုံးနိုင်ငံဖြစ်ပေမယ့် ရုရှားနဲ့ အတင်းမာဆုံးသော အခြေအနေကို မဖြစ်ချင်သေးလို့ ပစ်မှတ်နဲ့ လက်နက် သုံးစွဲမှုတွေမှာ ကန့်သတ်မှုတွေ ချမှတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒုံးကျည် အလုံး ၂၀၀ ကျော်သုံးပြီး ယူကရိန်းနယ်မြေထဲ တစ်ရက်တည်း ပစ်ခတ်ခဲ့မှုမှာ ရုရှားဟာ ပေါင် ၁ . ၃ ဘီလီယံအထိ အကုန် အကျခံပြီး ရက်စက်ခဲ့သလို လက်ရှိ ယူကရိန်းတပ်တွေ ဝင်သိမ်းထားတဲ့ ရုရှားနယ် ကက်ရှ်ဒေသဆီ စစ်သည် ၃၀၀၀၀ ပါတဲ့ ရုရှားတပ်တွေ ချီတက်လာနေခြင်းနဲ့ ရုရှားရဲ့ အနီးစပ်ဆုံး မဟာမိတ် ဘီလာရုစ်နိုင်ငံက တင့်ကား တပ်တွေဟာလည်း တစ်ဖက်မှာ ယူကရိန်းနဲ့နယ်စပ် ဂိုမယ်မြို့နား အလုံးအရင်း ချီတက်လာနေလို့ ဇီလန်းစကီး ဟာ အမေရိကန်ပေးထားတဲ့လက်နက်တွေနဲ့ ပစ်ခတ်ရမယ့် အဓိက ပစ်မှတ်စာရင်းကို ဂျိုးဘိုင်ဒန်ထံ သွားရောက် တင်ပြစေမှာဖြစ်ပါတယ်။
ဇီလန်းစကီးက လက်နက်တွေပေးထားပြီး ပစ်ခတ်ခွင့်မပြုရင် တစ်ဖက်မှာ ရုရှားဘက်က ဘယ်ပြည်သူ့မျက်နှာ မှမကြည့်ဘဲ ရက်စက်စွာပစ်ခတ်နေလို့ အမေရိကန်ဟာ ယူကရိန်းကို စစ်ရှုံးစေချင်တဲ့သဘောရှိသလားဆိုပြီး လည်း ဩဂုတ် ၂၆ ရက်က မေးခွန်းထုတ်ခဲ့ပါတယ်။
Ref:Thesun
MKF-001










