မဲခေါင်၊ သြဂုတ် ၃၀
ဩဂုတ် ၆ ရက်ကမှ ယူကရိန်းဟာ ရုရှားနိုင်ငံ နယ်စပ်ဒေသ ကက်ရှ်ကို ဝင်တိုက်ရာမှာ ၃ ပတ်အတွင်း မြို့ ပေါင်း ၁၀၀ သိမ်းပိုက်ရရှိသွားတာကြောင့် ရုရှားသမ္မတပူတင်ဟာ ပြန်လည် တွန်းလှန်နိုင်ဖို့ ဒီဒေသကို စစ်သည် ၃၀၀၀၀ ထပ်ပို့ချိန် ပူတင်နဲ့ မဟာမိတ် ဘီလာရုစ်က တင့်ကားတပ်ကြီးဟာလည်း ယူကရိန်း-ဘီလာရုစ်နယ်စပ် ဂိုမယ်မြို့အထိ အလုံးအရင်း အများအပြား ချီတက်လာနေခဲ့ပါတယ်။
ပုံမှန်အားဖြင့် ရုရှားတင့်ကားတပ်တွေရဲ့ အတိုကောက် တံဆိပ်က Z ဖြစ်ပြီး အခု ဂိုမယ်နယ်စပ်အနီး အလုံးအရင်း ချီတက်လာတဲ့ တင့်ကားနဲ့ သံချပ်ကာကားတပ်မှာတော့ တံဆိပ်ကို ဘီလာရုစ်ကိုယ်စားပြု B တံဆိပ်တွေတပ်ဆင် လာတာဖြစ်လို့ ယူကရိန်းဘက်က နယ်ကျော်လာရင် ဘီလာရုစ်တပ်ကိုပါ ချေမှုန်းပစ်မယ်လို့ တန်ပြန်သတိပေးခဲ့ ပါတယ်။
လက်ရှိ ရုရှားနိုင်ငံတွင်းက ယူကရိန်းတပ်တွေဟာ နောက်ထပ် နယ်မြေဒေသတစ်ခုဖြစ်တဲ့ ဘယ်လ်ဂိုရော့ဒ်ထဲထိ ထပ်ဝင်ပြီး တိုက်ခိုက်နေချိန် ပူတင်ဟာ ယူကရိန်းကို တွန်းလှန်ဖို့ သူ့စစ်သည် ၃၀၀၀၀ အပြင် ယူကရိန်းရော၊ ရုရှားနဲ့ပါ နယ်ချင်းဆက်နေတဲ့ ဘီလာရုစ်တင့်ကားတပ်တွေကိုပါ စစ်ကူအဖြစ် ခေါ်ယူချေမှုန်းရေး ပြင်ဆင်နေတာ ဖြစ်နိုင်ကြောင်း သတင်းတွေက သုံးသပ်ဖော်ပြနေကြပါတယ်။
ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒားဆာစကီယီက သူတို့တပ်တွေဟာ နေ့စဉ် ရန်သူ ၃၀၀ ကျော်ကို သုတ်သင် ဒါမှမဟုတ် ဒဏ်ရာရအောင် တိုက်ခိုက်နေနိုင်ကြောင်း၊ ဒါကြောင့် ဘီလာရုစ်တပ်တွေ ရုရှားဘက်က ပါဝင်တိုက် ခိုက်လာရင် ဘီလာရုစ်နိုင်ငံထဲက စစ်ရေးပစ်မှတ်အားလုံးကို တိုက်ခိုက်ဖျက်ဆီးဖို့ ပစ်မှတ်တွေ ချိန်ရွယ်ထားပြီး ဖြစ်ကြောင်း တုံ့ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။
ဘီလာရုစ် သမ္မတ စစ်အာဏာရှင် လူကက်ရှန်ကိုဟာ ပူတင်ရဲ့ အရင်း နှီးဆုံးမဟာမိတ်အဖြစ် သူ့နိုင်ငံအတွင်း ရုရှားရဲ့ နျူကလီးယား လက်နက်တွေကို တပ်ဆင်ခွင့်ပြုထားပေမယ့် ရုရှား – ယူကရိန်းစစ်ပွဲကာလအတွင်း သူ့တပ်သားတွေကို စစ်ထဲ ပါဝင်တိုက်ခိုက်ဖို့၊ ယူကရိန်းနိုင်ငံဆီ ကျူးကျော် ဖို့ အမိန့်မပေးသေးသူဖြစ်ပါတယ်။
Ref:Thesun
MKF-001












