မဲခေါင်၊ ဩဂုတ် ၂၇
ဩဂုတ် ၂၆ ရက်နေ့မှာပဲ ရုရှားဟာ ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်အပြင် ဒေသပေါင်းများစွာက ပစ်မှတ်တွေကို ဒုံးကျည်နဲ့ဒရုန်းပေါင်း ၂၀၀ ကျော် အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ လတ်တလော သိရှိရသလောက် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကိဗ်၊ ခါကိဗ်၊ ဒီနီပရို၊ ဇာပေါ်ရစ်ချ်ဇီဟာ၊ ခမယ်လင်းစကီး၊ ကရီမန်ချက်၊ ဗင်းနစ်စီယာ၊ အယ်လ်ဗစ်၊ အီဗာနိုဖရန့်ကစ်ဗ်နဲ့ လတ်စ်ဒေသတွေက အရပ်သားနေထိုင်ရာ ဒေသတွေကိုပါ ပစ်ခတ်တိုက်ခိုက်ရာမှာ ဒုံးကျည် တွေထဲ Kh-101 တွေပါသလို Tu-22M3 နဲ့ Tu-95 မဟာဗျူဟာဗုံးကျဲလေယာဉ်တွေပေါ်ကနေ မိုးရွာသလို ဒုံးကျည်တွေကျဲချနေခဲ့တာဖြစ်ကြောင်း မျက်မြင်သက်သေတချို့က ဆိုပါတယ်။
နေတိုးမဟာမိတ်ဖိုက်တာ ဂျက်လေယာဉ်တွေဟာလည်း ပိုလန်နိုင်ငံထဲကနေ အထူးအသင့်အနေအထားနဲ့ ပျံဝဲအကဲခတ်မှုတွေ ပြုလုပ်ခဲ့ကြ ပြီး ယူကရိန်းဝန်ကြီးချုပ် ဒန်နီရှမီဟဲက နိုင်ငံအတွင်း ဒေသ ၁၅ ခု တိုက်ခိုက်ခံရမှုဖြစ်ကာ အနည်းဆုံး ၃ ယောက် သေဆုံးခဲ့ပါတယ်။
ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆည်ကို ဒုံးကျည်ထိမှန်ခဲ့လို့ ကိဗ်အပါအဝင် မြို့တချို့ မှာ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိနေကြောင်းနဲ့ အပျက်အစီးများပြားလို့ ထုတ်ပြန်ခဲ့ပြီး ရုရှားနိုင်ငံအတွင်းပိုင်း ထဲ ပိုမို ပစ်ခတ်နိုင်ဖို့ အနောက်မဟာမိတ်တွေဘက်က ပိုဝေးတဲ့ တာဝေးပစ် ဒုံးကျည်တွေပေးဖို့၊ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးဖို့ တိုက်တွန်းပြောကြးသွားပါတယ်။
Ref:Thesun
MKF-001













