မဲခေါင်၊ သြဂုတ် ၂၄
ဩဂုတ် ၆ ရက်ကမှ ရုရှားနိုင်ငံထဲ စတင်ဝင်ရောက်တိုက်ခိုက်ရာမှာ အခု ကက်ရှ်ဒေသထဲ ၄၄၀ စတုရန်းမိုင်အထိ သိမ်းပိုက်လာနိုင်ပြီဖြစ်တဲ့ ယူကရိန်းရန်ကြောင့် ရုရှားသမ္မတပူတင်ဟာ နယ်စပ်ဒေသမှာနေထိုင်သူတွေ စပိုင်လုပ် ခံရမှာကြောက်လို့ ချိန်ဆိုတွေ့ဆုံမှု အက်ပလီကေးရှင်း (Dating Application) တွေ မသုံးကြဖို့ အမိန့်ထုတ်ခဲ့ပါ တယ်။
ဩဂုတ် ၂၀ ရက်နေ့မှာ ယူကရိန်းဟာ မော်စကိုမြို့ကို ဒရုန်း ၁၁ စင်းအပါ ရုရှာနိုင်ငံတွင်း ဒေသတွေဆီ ဒရုန်းပေါင်း ၄၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ပူတင်ရဲ့ သတင်းအချက်အလက်နည်း ပညာများ တရားမဝင်အသုံးပြုမှု တိုက်ဖျက်ရေးဌာနက ယူကရိန်းဘက်က ရုရှားပြည်တွင်း လှုပ်ရှားမှုနဲ့ သတင်း အချက်အလက်တွေကို ဒီလို တစ်ကိုယ်ရည်သမားတွေ အသုံးပြုတဲ့ ချိန်ဆိုတွေ့ဆုံမှု အက်ပလီကေးရှင်း ထူထောင်ပြီး သတင်းအချက်အလက်တွေ ဖောက်ယူ အသုံးချနေတာကြောင့် ယူကရိန်း သိမ်းပိုက်နယ်မြေတွေရှိ ရာ ကက်ရှ်၊ ဘယ်လ်ဂိုရော့ဒ်နဲ့ ဘရိုင်းယန့်ခ်စ် ဒေသမှာ အသုံးမပြုကြဖို့ အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်သူတွေအပြင် ဒီဒေသက ရုရှားစစ်သားတွေဟာလည်း တစ်ဖက်က ချိန်းဆိုမှုအပလီကေးရှင်းမှာ မိန်းမလို ဟန်ဆောင် ကျော့ကွင်းထောင်ပြီး သတင်းအချက်အလက် ရယူခံနေရမှုတွေ ရှိကြောင်း၊ စစ်ယာဉ်တန်းတွေ မောင်းနှင်ရာမှာလည်း ကားဒက်ရှ်ဘုတ်ကင်မရာနဲ့ အသံသွင်းစက်တွေဖွင့်ပြီး သွားလာမှုဟာ ယူကရိန်းစစ်တပ် ဘက်က ရုရှားစစ်ယာဉ်တန်းတွေရဲ့ ရွေ့လျားသွားလာနေမှုကို တိုင်းတာသိရှိ တိုက်ခိုက်နိုင်တာကြောင့် ပိတ်ထား ကြဖို့ပါ ပူတင်က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပူတင်ရဲ့ လုံခြုံရေးအေးဂျင့်နဲ့ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေဟာ တယ်လီဂရမ်လူမှုကွန်ရက်သုံးရင် သူစိမ်းဆီက ဝင်လာသမျှ Links တွေကို လုံး၀မဖွင့်ဖို့၊ ရုရှားထောက်လှမ်းရေး FSB က လူတွေနဲ့ ရင်းနှီးသိရှိသူ၊ ဆွေမျိုးတော်သူတွေအားလုံးလည်း သူတို့ဖုန်းထဲက ဒီလိုလူတွေနဲ့ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ၊ သူငယ်ချင်း ဖြစ်ကြောင်း ပတ်သက်ထားမှုတွေကို ဖျက်ထားဖို့ ထိတ်လန့်နေတဲ့ ပူတင်က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
Ref:Thesun
MKF-001








