မဲခေါင်၊ သြဂုတ် ၂၃
အမေရိကန်ရေတပ်ဟာ ကာကွယ်တားဆီးရေးပိုင်း ပိုမိုအင်အားတောင့်တင်းဖို့အတွက် ဒေါ်လာ ၁၁ . ၅ ဘီလီယံ အကုန်ခံပြီး မဟာဗျူဟာကျ ကုန်ရေနှစ်သွယ် ကမ်းတက် ချေမှုန်းရေး သင်္ဘော ၄ စီး ထပ်မံတည်ဆောက်သွား တော့မယ်လို့ အမေရိကန်လွှတ်တော် တာဝန်ရှိသူ အကြီးတန်းအရာရှိတစ်ယောက်က ထုတ်ဖော်ပြောဆိုသွားပါတယ်။
Antonio-class LPD Batch II ချေမှုန်းရေးယာဉ် ၃ စီးနဲ့ America-class LHD သင်္ဘောတစ်စီး တည်ဆောက် သွားမှာဖြစ်ပြီး ၂၀၂၅ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၇ အထိ စီမံကိန်းချမှတ် အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်။
ဒီတည်ဆောက်မှုစီမံကိန်းအတွက် ၂၀၂၃ ဘဏ္ဍာရေးနှစ်ကတည်းက လွှတ်တော်က ဘတ်ဂျက်ခွင့်ပြုခဲ့ပြီးဖြစ် ကြောင်း USNI News က ရေးသားဖော်ပြသွားပါတယ်။
အမေရိကန်ရေတပ် ညွှန်ကြားရေးမှူး ကားလို့စ်ဒယ်လ်တိုရိုက ဒီသင်္ဘောသစ်လေးစီးဟာ အထူး စစ်ဆင်ရေးတွေ၊ လူသာချင်းစာနာမှုအကူအညီနဲ့အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ ထပ်မံတည်ဆောက်တာလို့ ဆိုပါတယ်?
ပြည်သူ့ အခွန်ငွေတွေကို သတိရှိစွာနဲ့ လိုအပ်တဲ့နေရာမှာ အသုံးပြုခြင်းသာဖြစ်ကြောင်း၊ လက်ရှိ အမေရိကန်ရေတပ်မှာ ကမ်းတက် ချေမှုန်းရေးသင်္ဘော ၃၁ စီးကိုလည်း ပြင်ဆင် အဆင့်မြှင့်မှုလုပ်သွားမယ်လို့ ပြောကြားသွားပါတယ်။
Ref: zona-militar
MKF-001








