မဲခေါင်၊ သြဂုတ် ၂ ၂
အမေရိကန်နိုင်ငံခြားရေးဌာနက မဟာမိတ်ဖြစ်တဲ့ တောာင်ကိုရီးယားကို ဒေါ်လာ ၃ . ၅ ဘီလီယံဖိုးရှိတဲ့ AH-64E Apache တိုက်ရဟတ်ယာဉ် ၃၆ စီး ရောင်းချဖို့ မီးစိမ်းပြအတည်ပြု ထုတ်ပြန်လိုက်ပါပြီ။
အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA)က ဩဂုတ် ၁၉ ရက်နေ့မှာပဲ ဒီအတည်ပြုမှုကို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီး ယားနဲ့တင်းမာမှုတွေ မြင့်တက်နေမှုအရ လုံခြုံရေးစွမ်းရည် များစွာမြင့်တက်စေဖို့ အတည်ပြုလိုက်တာလို့ ထုတ်ပြန်သွားပါတယ်။
တောင်ကိုရီးယားရဲ့ တောင်းဆိုမှုမှာ ရဟတ်ယာဉ် ၃၆ စီးသားမကဘဲ T700-GE-701D အင်ဂျင် ၇၆ လုံး၊ ခေတ်မီပစ်မှတ်ရယူမှုနှင့် ပုံဖော်ခြင်းမြင်ကွင်းများ/ ခေတ်မီလေယာဉ်မှူး ညမြင်ကွင်းအာရုံခံကိရိယာ ၃၆ ခု၊ ပစ်မှတ်ထိန်းချုပ်ပြီး များစွာတစ်ပြိုင်တည်းပစ်ခတ်နိုင်စွမ်းနဲ့ ရေဒါလျှပ်စစ်စနစ် ၁၄ ခုပါ ပါဝင်တယ်လို့ DSCA က ထုတ်ပြန်သွားပါတယ်။
AH-64E Apache ရဟတ်ယာဉ်ဟာ ကမ္ဘာမှာ ခေတ်အမီဆုံးတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်က တည်းက တောင်ကိုရီးယားမှာ ရှိပြီးသားဖြစ်လို့ လေ့ကျင့်စရာအချိန်မလိုဘူးလို့ ဆိုပါတယ်။
Apache တိုက်ရဟတ်ယာဉ် ကို အမေရိကန်စစ်တပ်က သုံးစွဲခဲ့တာ နှစ် ၄၀ ရှိပြီဖြစ်ပေမယ့် အခု ရောင်းချမယ့် ရဟတ်ယာဉ်တွေဟာ ဆက် တိုက်အဆင့်မြှင့်တင်ထားလို့ ကမ္ဘာ့အကောင်းဆုံး တိုက်ရဟတ်ယာဉ်ဖြစ်ပါတယ်။
တစ်နာရီ ၂၆၈ ကီလိုမီတာ နှုန်းနဲ့ မောင်းနှင်နိုင်ပြီး Hellfire ဒုံးကျည်တွေ ပါဝင်သလို တစ်စင်းမှာ Stinger ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် ၄ လုံးတပ်ပေးထားပြီးဖြစ်ကြောင်း DSCA က ညွှန်းဆိုခဲ့ပါတယ်။
Ref: defence-blog
MKF-001








